အပိုင်း ၈၈ : ဗိုလ်ချုပ် စဉ်းလဲ

695 74 0
                                    

အပိုင်း ၈၈ : ဗိုလ်ချုပ် စဉ်းလဲ

"ကဲ… ယွဲ့ဟုန်ယန်… မင်းရဲ့ လက်နက်ကို ချလိုက်ပြီး အညံ့ခံလိုက်။ မင်းမှာ ရွေးစရာ လမ်းမရှိတော့ဘူး…"

ဒီစကားကို ကြားလိုက်ရတော့… ယွဲ့ဟုန်ရန်ဟာ ဟန်လုပ်ပြီးမှ ပြုံးလိုက်ပါပြီ။ သူမရဲ့ ပုဆိန်ဓားသွားနဲ့ လှံတံကို ဝေ့ယမ်းလိုက်ပြီး… အနီရောင်နဲ့ အနက်ရောင် မုန်တိုင်းကြီးဟာ ဒီသက်လတ်ပိုင်း အရာရှိဆီကို ဦးတည်ပြီးမှ သွားလိုက်ပြီလေ။

ရှန်းဝူစစ်တပ်က ဗိုလ်မှူးရဲ့ မျက်နှာကလည်း မည်းမှောင်လို့ သွားခဲ့ကာ ရှောင်တိမ်းခြင်း.. ခုခံခြင်းမျိုးကို မပြုလုပ်ခဲ့ပါဘူး… သူ့ရဲ့ မှော်စွမ်းအင်ကိုသာ ထုတ်သုံးလိုက်ပြီး သူ့ရဲ့ကိုယ်ပေါ်က အနက်ရောင် သားရဲသားရေ ချပ်ဝပ်တန်ဆာရဲ့ အထဲကို အားဖြည့်လိုက်ပါတယ်။

သူ့ရဲ့ရင်ဘတ်ပေါ်က ခက်ထန်လှတဲ့ သားရဲဦးခေါင်းရဲ့ မျက်လုံးအစုံဟာ… အသက်ဝင်လာခဲ့သလိုမျိုး အနက်ရောင် အလင်းတန်းတွေနဲ့ လင်းလက်လာခဲ့ကာ… မာန်ဖီသံ တိုးတိုးလေးကို ထုတ်လွှတ်ခဲ့လိုက်ပြီလေ။
ရှန်းဝူစစ်တပ် အရာရှိရဲ့ အရှေ့မှာ ချက်ချင်းပဲ ဆန်းကြယ်သော ရုပ်လွာတစ်ခုဟာ ပေါ်ပေါက်ကာ လာခဲ့ပါပြီ။ ဒါကတော့ ကြမ်းတမ်း ခက်ထန်တဲ့ သားရဲ တစ်ကောင်ပါ… အော်ဟစ်ဟိန်းဟောက်ပြီးမှ ယွဲ့ဟုန်ယန်က ထုတ်လွှတ်လိုက်တဲ့ မုန်တိုင်းနဲ့ အတူတကွပဲ တိုက်ခိုက်လိုက်ပါတယ်။

ဒီသားရဲ ပုံရိပ်လွာဟာ ကွဲပျက်လို့ သွားခဲ့ပေမယ့်… အနီနဲ့ အနက်ရောင် မုန်တိုင်းကလည်း ပျောက်ကွယ်ပြီးမှ သွားခဲ့တယ်လေ။

ရှန်းဝူစစ်တပ်က ဗိုလ်မှူးကလည်း တိကျပြတ်သားစွာနဲ့ ပြောလိုက်ပါပြီ… "ကဲ… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ဖမ်းဆီးတာကို ခုခံတဲ့ သူပုန်အားလုံးကို နေရာမှာပဲ အသေသတ်ကြဟေ့…"

ယွဲ့ဟုန်ယန်ကလည်း သူ့ကို သူမရဲ့ မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်လိုက်ပြီး… "ဟွန့်… ကျွန်မက ရှင့်ကို အရင်သတ်မှာရှင့်!" ပြီးတာနဲ့ သူမရဲ့ ခြေထောက်ကို မြေကြီးပေါ်ကို ဆောင့်လိုက်ရာ… မြေကြီးရဲ့ အပေါ်မှာ အက်ကွဲကြောင်းများစွာတို့ဟာ ပေါ်လာခဲ့ပြီလေ။ သူမဟာ လျှပ်စီးအလင်းတန်း တစ်ခုလိုမျိုးပဲ ရှန်းဝူစစ်တပ် အရာရှိရဲ့ အရှေ့ကို ချီတက်သွားခဲ့ပါပြီ။ အနက်ရောင် အလင်းတန်းနဲ့ လှံတံဟာ… မီးလျှံ လှိုင်းလုံးကြီး တစ်ခုကို ထလာစေခဲ့ပြီး သူ့ရဲ့ ရင်ဘတ်ရှိရာဆီကို ထိုးသွင်းလိုက်ပြီလေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Tempat cerita menjadi hidup. Temukan sekarang