အပိုင်း ၈ : နင့်ကိုငါက မှတ်ထားလိုက်ပြီ

1.2K 152 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၈

အပိုင်း ၈ : နင့်ကိုငါက မှတ်ထားလိုက်ပြီ

အခြေခံအုတ်မြစ် အဆင့်က ဆရာကြီး နှစ်ယောက်ရဲ့ အသေအကြေတိုက်ပွဲဟာ မက်မွန်ပင်အိုကြီးရဲ့ နိုင်ပွဲနဲ့အတူ ပြီးဆုံးလို့ သွားခဲ့ပါပြီ။

ပထမဆုံး အားနည်းသလိုမျိုး ဟန်ဆောင်လိုက်ပြီး… နောက်မှ ရဲ့ကော်ကို သူ့ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်နဲ့ အလောတကြီး အရင်လာတိုက်အောင် မြူဆွယ်လိုက်တယ်… ပြီးတော့မှပဲ အလင်းဓားမြန်ဂိုဏ်းက အခြေခံအုတ်မြစ် အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦးကို အသားကုန် ဆော်ပလော် တီးလွှတ်လိုက်တယ်လေ။

ဒါပေမယ့်လည်း မက်မွန်ပင်အိုကြီး ကိုယ်တိုင်ကလဲ တန်ဖိုးကြီးကြီးမားမားကို ပေးဆပ်ခဲ့ရပါတယ်… ဒီအချိန်မှာတော့ သူမရဲ့ အလွန်တောက်ပ ရွှန်းလက်ခဲ့တဲ့ အကာအကွယ် မိစ္ဆာအော်ရာတွေဟာ ပျောက်ကွယ်လို့ သွားခဲ့ပြီလေ… အနီရောင် မြူခိုးငွေ့နဲ့ မက်မွန်ပန်းမိုး တို့ကိုသာ နောက်ထပ်တိုက်စစ်အဖြစ်နဲ့ သုံးနိုင်ပါတော့တယ်။

ဒါတောင်မှပဲ သူမဟာ ဒဏ်ရာရသွားပြီဖြစ်တဲ့ ရဲ့ကော်နဲ့ အဖွဲ့တို့ အတွက်တော့ တောင့်ခံနိုင်တဲ့သူ မဟုတ်ခဲ့ပါဘူး… ရဲ့ကော်နဲ့ အပေါင်းအပါတို့ဟာ လျင်မြန်စွာနဲ့ပဲ ဆုတ်ခွာသွားခဲ့ ကြတယ်လေ။

ဒီအချိန်မှာပဲ အခြားတစ်ဖက်ကနေ… စွမ်းအားကြီးမားတဲ့ မှော်စွမ်းအင်လှုပ်ရှားမှုတွေဟာ ရုတ်ချည်းပဲ ပေါက်ကွဲကာ ထွက်လာခဲ့ပါပြီ… မိုးကြိုးနဲ့ လျှပ်စီးတွေဟာ လင်းလက်နေခဲ့ပြီး လူတွေကို အသက်ရှု မှားစေခဲ့ပြီလေ။

လင်းဖုန်းရဲ့ မျက်နှာဟာ ဖြူဆွတ်နေပြီး… ချွေးစေးတွေနဲ့  ရွှဲနစ်လို့ နေခဲ့ပါတယ်။

သူ့ရဲ့ ခေါင်းအပေါ်မှာ မြောက်ပိုင်း အရုဏ်ဦးဓားဟာ လေထဲမှာ လွင့်မျောလို့ နေခဲ့တယ်လေ။ ဒီဓားကို အလင်းတန်း အဝေ့အဝိုက်တွေနဲ့ ဖုံးအုပ်ထားပြီး… မီးပွင့်မီးပွားတွေဟာ ခုန်ပေါက်ဆော့ကစား နေခဲ့ပါပြီ… လျှပ်စစ်စီးကြောင်း တွေကနေ ဒိုင်းကနဲ.. ဖြောင်းကနဲ အသံတွေကလဲ ကျယ်လောင်စွာ မြည်ဟည်းကာ နေကြပြီလေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Où les histoires vivent. Découvrez maintenant