အပိုင်း ၆၃ : ငါ့တပည့်လေး အနားကနေ ဝေးဝေးနေ!

820 77 0
                                    

အပိုင်း ၆၃ : ငါ့တပည့်လေး အနားကနေ ဝေးဝေးနေ!

ငရဲကမ္ဘာ ပုတီးလုံးရဲ့ အလင်းရောင်တွေက ကာဆီးထားပေးခဲ့ပေမယ့်… အနက်ရောင် မြူခိုးငွေ့တွေရဲ့ ဖုံးလွှမ်းထားခြင်းကို ခံနေရတဲ့ ဝမ်လင်းဟာ တဖြေးဖြေးနဲ့ အေးစက်ကာ လာခဲ့ပါပြီ။

သူ့ရဲ့ ခန္ဓာကိုယ်က အေးစက်လာတာ မဟုတ်ပဲနဲ့… သူ့ရဲ့ ဝိညာဉ်လိပ်ပြာက အေးစက်ပြီးတော့ ခိုက်ခိုက်တုန်နေခဲ့တာပါ။

သူ့ရဲ့ နှလုံးသားထဲက အနက်ရှိုင်းဆုံး နေရာကနေ လေဆိုးလေပြင်းတွေဟာ တိုက်ခတ်လာခဲ့ သလိုမျိုး… အပြင်မှာက ဘယ်လောက်ပဲ နွေးထွေးနေပါစေ… သူ့ကို မတားဆီးနိုင်ခဲ့ဘူးလေ။

ဒါက သူ့ရဲ့စိတ်ဟာ အများကြီး တိုက်စားခြင်းကို ခံနေရတဲ့ လက္ခဏာလား ဆိုတာကိုတော့ သူကမသိပါဘူး။ ဒါပေမဲ့ ဒီလိုမျိုးသာ ဆက်သွားနေမယ် ဆိုရင်တော့… သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ပျက်စီးသွားတော့မှာပါ။

ဒီငရဲကမ္ဘာ ပုတီးလုံးဟာ စီးခုံးနန်ကို အတိုင်းအတာ တစ်ခုအထိ ချုပ်နှောင်ပိတ်ပင် ထားနိုင်ခဲ့တယ် ဆိုပေမယ့်… ဝမ်လင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံမှု အဆင့်ဟာ ရိုးသားစွာ ပြောရရင် အမတန်ကိုမှပဲ နိမ့်နေခဲ့ပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ဒီငရဲကမ္ဘာ ပုတီးလုံးကို ထိန်းချုပ်ဖို့ရာ မတတ်စွမ်းနိုင်သေးပဲ… ဒီငရဲကမ္ဘာ ပုတီးလုံးကနေ ပေးစွမ်းနေတဲ့ အားအင်ကုန်ခမ်းမှုတွေကိုလဲ မခံစားနိုင်တော့ပါဘူး။

သူ့ရဲ့နားထဲမှာ ကြားနေခဲ့ရတာတွေဟာ စီးခုံးနန်ရဲ့ ရေရွတ်သံတွေပါ။ သူ့ရဲ့ မြင်ကွင်းတွေဟာ တဖြေးဖြေးနဲ့ မည်းမှောင်လာခဲ့ပြီး… သူ့ရဲ့စိတ်တွေဟာလဲ ပြိုလဲလာတော့မယ်လို့ ဝမ်လင်းဟာ ခံစားလိုက်ရပါပြီ။ သူ့ရဲ့ စိတ်အတွင်းမှာလဲ ဘာမှ မဆီမဆိုင်တဲ့ အကြောင်းအရာတွေဟာ ထင်ဟပ်ပေါ်ပေါက်ကာ လာခဲ့ပြီလေ။

ပထမဦးဆုံး ဝမ်လင်းရဲ့ အတွေးထဲကို ရောက်လာတာဟာ သူ့ရဲ့မိဘတွေပါ… "အဖေ.. အမေ… ကျွန်တော်က သေရတော့မှာလား? ထေ့ကျူးက မလိမ္မာပါဘူး… ပါးပါးမာမားတို့ကို လာမတွေ့နိုင်တော့ဘူး ထင်ပါတယ်ဗျာ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Tempat cerita menjadi hidup. Temukan sekarang