အပိုင်း ၆၈ : ငရဲကမ္ဘာ ပုတီးလုံးလေး အတွင်းဝယ်
လင်းဖုန်းရဲ့ ထိန်းချုပ်မှုအောက်မှာ… ရွှေရောင်ရဟန္တာ ၂၄ပါးဟာ အုပ်စုသုံးခုဖွဲ့ကာ ရပ်နေကြပြီး… စီးခုံးနန်ကို အလယ်ကထားကာ ဝိုင်းရံထားကြပါတယ်။
မီးလျှံတွေ တောက်လောင်နေတဲ့ ရဟန္တာ သုံးပါးတို့ဟာ လေထဲကို ပျံတက်သွားကြပါပြီ။ သူတို့တတွေရဲ့ တောက်လောက်နေတဲ့ ခန္ဓာကိုယ် တစ်ခုချင်းအောက်မှာ ရဟန္တာခုနစ်ပါးတို့ဟာ သူတို့ကို ထောက်မထားပေးကြပြီး… ဒီမီးတောက်နေတဲ့ ရဟန္တာတွေကို စွမ်းအားကြီးတဲ့ ဗုဒ္ဓအလင်းရောင်တွေနဲ့ အဆက်မပြတ်ပဲ ပံ့ပိုးပေးထားကြပြီလေ။
ဒီမီးတောက်နေတဲ့ ရဟန္တာတွေရဲ့ ကိုယ်ခန္ဓာတွေက မီးလျှံတွေဟာ ပိုပိုပြီးတော့ အားကောင်းလာခဲ့ပြီး… ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ကာ… တစ်ခုထဲအဖြစ် စီးခုံးနန်ရဲ့ ဦးခေါင်းအပေါ်မှာ စုစည်းသွားခဲ့ပြီး… မီးတောက်မီးလျှံ ပင်လယ်ကြီး တစ်ခုအဖြစ်ကို ပြောင်းလဲကာ သွားပါတော့တယ်။
လင်းဖုန်းရဲ့ မျက်နှာဟာ ဒေါသထွက်နေတဲ့ပုံ ပေါက်နေပြီး… မူးဝေနေသလို အကြည့်မျိုးနဲ့ အော်ဟစ်လိုက်ပါပြီ… "ဗုဒ္ဓဟာ မဟာကရုဏာတော်နဲ့ ပြည့်စုံတယ်… ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ သူဟာ အပြစ်ဒဏ် ခတ်တတ်သေးတယ်… ထာဝရ အမျက်ဒေါသ မီးတောက်ကို ထုတ်လွှတ်ပြီး… မကောင်းဆိုးဝါး မှန်သမျှကို ဖယ်ရှားပစ်ကာ… လုံးဝဥဿုံ အလုံးစုံကို လောင်ကျွမ်းပစ်လိုက်စေတယ်!"
ဝုန်း!
ငရဲကမ္ဘာ ပုတီးလုံးလေး အထဲက လေဟာနယ် တစ်ခုလုံးဟာ ကိုင်လှုပ်ခံရသလိုမျိုး ဖြစ်သွားပြီး… မျက်နှာလေးဘက်.. လက်ရှစ်ချောင်းနဲ့ ရွှေရောင်ဗုဒ္ဓ တစ်ပါးဟာ… ဒေါသထွက်နေတဲ့ မျက်နှာမျိုးနဲ့ မီးတောက်မီးလျှံ ပင်လယ်အထဲကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ပါပြီ။ အဲ့ဒီဗုဒ္ဓရဲ့ မျက်ခုံးနှစ်ဘက် အကြားမှာ ပိတ်ထားတဲ့ ဒေါင်လိုက် မျက်စိတစ်လုံး ရှိနေခဲ့တယ်လေ။
ဒီရွှေရောင်ဗုဒ္ဓဟာ နားကွဲလုမတတ်ပဲ ဗုဒ္ဓဘုရားစာတွေကို ရွတ်ဆိုလိုက်ပါတယ်။ ဗုဒ္ဓအသံတော်ရဲ့ အောက်မှာ… သူ့မျက်ခုံးတွေရဲ့ ကြားထဲက ဒေါင်လိုက်မျက်လုံးလေးဟာ ပွင့်လာခဲ့ပြီး… သူ့အထဲကနေ ဆင်စွယ်ကဲ့သို့ ဖြူဖွေးနေတဲ့ မီးခဲလေးတစ်ခဲဟာ ပျံသန်းထွက်ပေါ်ကာ လာခဲ့ပါပြီ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...