အပိုင်း ၄၆ : သွေးမြစ်၏ အရင်းအမြစ်

766 86 0
                                    

အပိုင်း ၄၆ : သွေးမြစ်၏ အရင်းအမြစ်

ဟွေကုဟာ သူ့ရဲ့ ၂၄ကောင်းကင် ရဟန္တာဝင်္ကပါကို ဆုံးရှုံးလိုက်ရပြီး… ဒီကမ္ဘာပေါ်မှာ အဆိုးယုတ်ဆုံးနဲ့ အညစ်ညမ်းဆုံးဖြစ်တဲ့ စွန်းထင်းနေတဲ့ သွေးတွေရဲ့ တိုက်ခိုက်ခြင်းကိုလဲ ခံစားနေခဲ့ရတာပါ။ သူ့ရဲ့ အလွန်အမင်း ပြင်းထန်တဲ့ အမျက်ဒေါသအောက်မှာ… သူဟာ အကုန်လုံးကို သူနဲ့အတူ ခေါ်သွားဖို့ကို ကြိုးစားခဲ့ပြီး… ဗုဒ္ဓ လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်တဲ့ သံသရာရဲ့ ချမ်းသာသုခကို အသုံးချပြီးတော့… လင်းဖုန်းကို သူနဲ့အတူ ဆွဲချသွားဖို့ကို ဆန္ဒရှိခဲ့ပါတယ်။

လင်းဖုန်းကလဲ သတိအမြဲတမ်း ကပ်ထားနေခဲ့တာပါ… သူက ဟွေကုရဲ့ လှုပ်ရှားမှု မှန်သမျှကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့တာလေ။ ဒီဘုန်းကြီးဟာ စွန်းထင်းနေတဲ့ သွေးတွေရဲ့ တိုက်ခိုက်မှုကို လျစ်လျူရှုထာပြီး… သူ့ရဲ့ အကာအကွယ် မှော်စွမ်းအင်တွေကို ရုတ်သိမ်းလိုက်တာနဲ့ တပြိုင်နက်… သူဟာ ချက်ချင်းပဲ မစင်ထုတ်ကြီးဟာ ပန်ကာအပေါ်ကို ကျတော့မယ် ဆိုတာကို သိလိုက်ပါပြီ။

မြောက်ပိုင်း အရုဏ်ဦးဓားကလဲ ရုတ်ချည်းပဲ ထွက်လာခဲ့ပြီး ဟွေကုရဲ့ မှော်ကျိန်စာ အပြည့်အဝ မထုတ်လွှတ်ရသေးခင်မှာပဲ… စွမ်းအားမြင့် လျှပ်စီး အဝေ့အဝိုက်လေး တစ်ခုဟာ ဒီဘုန်းကြီးကို ထိမှန်သွားပြီး ခြေတစ်လှမ်းစောကာ သေမင်းနဲ့ သွားတွေ့စေခဲ့ပါတယ်။

ဟွေကုဟာ သေဆုံးသွားခဲ့ပြီး သူ့ရဲ့ခေါင်းပေါ်က တွင်းနက်ကြီးကလဲ ရုတ်ချည်းပဲ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ကာ… ဖရိုဖရဲ ပရမ်းပတာ ဖြစ်သွားခဲ့ပါပြီ။

လင်းဖုန်းကလဲ ဒီမြေအောက် နန်းတော်ကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေဟာ ကစဉ့်ကလျား ဖြစ်သွားခဲ့တာကို ခံစားမိလိုက်ရပြီး… ဘယ်လိုမှ မထိန်းနိုင်တော့ပဲ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ကာ သူ့ရဲ့ တပည့်နှစ်ယောက်ကို လှမ်းအော်လိုက်ပါတယ်… "ဟေ့… သတိထားကြဦးကွ…"

သူ့ရဲ့စကားသံ မကွယ်ပျောက်သေးခင်မှာပဲ… ဒီတွင်းနက်ကြီးဟာ ရုတ်တရက်ပဲ ပေါက်ကွဲသွားပြီး… ဒီမြေအောက်နန်းတော်ကြီးရဲ့ ညစ်ညမ်းနေတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေနဲ့ ရောနှောသွားခဲ့ကာ… သယ်ယူပို့ဆောင်ရေး ဝင်္ကပါတစ်ခုလိုမျိုးပဲ… လေဟာနယ်ကို ရွှေ့ပြောင်းစေခဲ့ပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now