အပိုင်း ၄၀ : အမည်မဲ့ မြေအောက်နန်းတော်

925 91 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၃ : အပိုင်း ၁၀

အပိုင်း ၄၀ : အမည်မဲ့ မြေအောက်နန်းတော်

"ကဲ… ရွှမ်ကျိအမတ် ဂေဟာက ပြင်းထန်သော မုန်တိုင်းအဖွဲ့အစည်းကို လိုက်ဖမ်းဖို့ ဒီတောင်တန်းကို လွတ်လိုက်တဲ့လူ ဘယ်နှစ်ယောက် ရှိသလဲဟေ့?"

ခဏတာ ငြိမ်သက်သွားပြီး နောက်မှာတော့ မစ္စတာလင်းတဟာ အက်ကွဲစွာနဲ့ပဲ မေးလိုက်ပါတယ်… "ဟေ့… မင်းက ဘယ်သူလဲကွ?" ဘယ်သူလဲ ဆိုတာကို သိရဖို့ သူဟာလှည့်ကြည့်ဖို့ ကြိုးစားလိုက်ပါပြီ… ဒါပေမယ့် သူ့ရဲ့ကိုယ်ဟာ လှုပ်လိုက်ရုံပဲ ရှိသေးတယ်… သူ့ကို တစ်ယောက်ယောက်က ခြေထောက်နဲ့ ဖိနင်းလိုက်ကာ ဖုန်မှုန့်တွေကိုပဲ မျက်နှာမူစေခဲ့တယ်လေ။

လင်းဖုန်းရဲ့ အသံဟာ တိုးတိုးလေးနဲ့ ပျံ့လွင့်လာခဲ့ပါတယ်… "ဟွန့်… မင်းမှာက မေးခွန်းတွေကို ပြန်ထုတ်ဖို့ အခွင့်အရေး မရှိဘူးကွ။ မင်းက မသေချင်ဘူးဆိုရင်တော့ ငါ့ရဲ့ မေးခွန်းတွေကို လိမ်လိမ်မာမာနဲ့သာ ပြန်ဖြေကွ…"

"ခင်ဗျားက အသက်လည်း တော်တော်ကြီးနေပြီ… အခြေခံအုတ်မြစ် အဆင့်ထိကို ရောက်အောင်ကျင့်ဖို့ကလဲ လွယ်တာမှုတ်ဖူး… ခင်ဗျားက အသက်ဆက်ရှင်နေပြီး ဘဝကြီးရဲ့ အရသာကို ဆက်ပြီးတော့ မခံစားချင်တော့ဘူးလား?" လင်းဖုန်းကလဲ ပြုံးပြီးတော့မှပဲ ပြောလိုက်ပါပြီ… "ရွှမ်ကျိအမတ်ကလဲ ခင်ဗျားရဲ့အဖေ မဟုတ်ဘူး… ခင်ဗျားက သူ့အတွက် အလုပ်လုပ်ပေးရုံ သက်သက်ပဲလေ… သက်စွန့်ဆံဖျား လုပ်ဖို့မလိုပါဘူး… ဟုတ်တယ်မို့လား?"

မစ္စတာလင်းတဟာ အချိန်အတန်ငယ်ကြာအောင် နှုတ်ဆိတ်သွားခဲ့ပါတယ်… လေသံတိုးတိုးလေးနဲ့ပဲ ပြန်ပြီးတော့ ဖြေလိုက်ပြီလေ… "အင်း… ကျုပ်အပါအဝင် အခြေခံ အုတ်မြစ်အဆင့် ကျင့်ကြံသူ ၁၀ယောက်ရှိပြီး… ချီသာဝကအဆင့် ကျင့်ကြံသူပေါင်း ၁၀၀ကျော်ရှိတယ်… ရွှမ်ကျိအမတ်ဂေဟာက မစ္စတာဟွမ်စန်းက ခေါင်းဆောင်ပဲဗျ…"
လင်းဖုန်းက ပြန်ပြီးတော့မှ မေးလိုက်ပါပြီ… "မစ္စတာ ဟွမ်စန်း?"

မစ္စတာလင်းတဟာ အနည်းငယ် အံ့အားသင့်သွားခဲ့ပါတယ်… ရွှမ်ကျိအမတ် ဂေဟာက မစ္စတာဟွမ်စန်း ဆိုတာက နာမည်ကြီးပဲလေ… ဘယ်လိုလုပ်ပြီး လင်းဖုန်းက တစ်ခါမှ မကြားဖူးတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲဟ?

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now