အပိုင်း ၄၈ : မင်းက လူကောင်းတစ်ယောက်ပါ

747 91 0
                                    

အပိုင်း ၄၈ : မင်းက လူကောင်းတစ်ယောက်ပါ

ရယ်သံတစ်ခုနဲ့အတူ… လျှိုယန်က သူ့ရဲ့လက်တွေကို ဝေ့ယမ်းလိုက်တာနဲ့ သွေးလိုမျိုး နီရဲနေတဲ့ အလံတံခွန် ကိုးခုတို့ဟာ ပျံသန်းထွက်ပေါ်ကာ လာခဲ့ပါတယ်။

ဒီသွေးလိုမျိုး နီရဲနေတဲ့ အလံတံခွန် ကိုးခုဟာ လေထဲကို ပျံတက်သွားပြီးတော့… သွေးရေကန်ကြီးရဲ့ အပေါ်မှာ ရပ်တန့်သွားတာကို လင်းဖုန်းက တွေ့လိုက်ရပါပြီ။

ဒီသွေးနီရောင် အလံတံခွန်တွေနဲ့ သွေးရေကန်ထဲက စွန်းထင်းနေတဲ့ သွေးတွေဟာ တကယ်ကိုပဲ အချင်းချင်း အော်ဟစ်ကာ ဆက်သွယ်မှုတွေ ပြုလုပ်နေကြတာကို အံ့ဩဖွယ်ရာပဲ တွေ့ရှိလိုက်ရပါတော့တယ်။

ဒီသွေးရေကန်ထဲက စွန်းထင်းနေတဲ့ သွေးတွေဟာ အသက်ရှိနေတဲ့ အတိုင်းပဲ ဖြည်းညှင်းစွာ တက်လိုက်ကျလိုက် ဖြစ်နေကြပါပြီ… ရှူသွင်းလိုက်.. ရှူထုတ်လိုက်နဲ့ စွဲမက်ဖွယ်ရာ စည်းချက်အတိုင်း ပြုလုပ်နေကြပြီလေ။

ပြီးတော့ လေထဲမှာလဲ ဒီသွေးနီရောင် အလံတံခွန်တို့ကလဲ လေမတိုက်ပဲနဲ့… ဝဲကတော့လိုမျိုး တဖျတ်ဖျတ် တလွင့်လွင့်နဲ့ လှည့်ပတ်လှုပ်ရှား နေကြပါပြီ။ သူတို့ရဲ့ နရီစည်းချက် တွေကလဲ ရေကန်ထဲက စွန်းထင်းတဲ့ သွေးတွေနဲ့ တစ်ညီတစ်ညွှတ်ထဲ စည်းဝါးကိုက်နေကြတယ်လေ… နှစ်ဘက်စလုံးဟာ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ဆက်သွယ်နေကြကာ… ပိုပိုပြီးတော့ ပြင်းပြင်းထန်ထန်.. ပြတ်ပြတ်သားသားပဲ တုန်ခါလာကြပါတော့တယ်။

"ဟာ… ဒီသွေးနီရောင် အလံတံခွန်တွေဟာ တကယ်တော့ ဒီသွေးမြစ်ရေ အစစ်အမှန်ကို သုံးပြီးတော့ သန့်စင်ထားတာပဲလား?" လင်းဖုန်းက ရင်ထဲကနေပြီးတော့ တွေးနေခဲ့ပါပြီ… "ဒါက လုံးဝကို အမှောင် မှော်အိုင်တမ် တစ်ခုပဲဟ… ဒီလူရဲ့ အင်္ကျီလက်ဝမှာ ဒီလိုပစ္စည်းမျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ…"

လျှိုယန်က လင်းဖုန်းကို မျက်စောင်းထိုးကာ ကြည့်လိုက်ပြီး… မျက်နှာကို ရွဲ့ကာ ပြောလိုက်ပြီလေ… "ဟွန့်… ဒီမှော်အိုင်တမ်ဟာ ငါက အမှောင်ဂိုဏ်းက ကျင့်ကြံသူ တစ်ယောက်ကို သတ်လိုက်တုံးက ရထားတာကွ…  ဒါက ဒီငရဲသွေးမြစ်ရဲ့ စွန်းထင်းတဲ့ သွေးတွေကိုပဲ အသုံးပြုပြီး သန့်စင်ထားတာလေကွာ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Wo Geschichten leben. Entdecke jetzt