အပိုင်း ၈၇ : မီးလျှံအလှမယ်

783 74 1
                                    

အပိုင်း ၈၇ : မီးလျှံအလှမယ်

ငရဲကမ္ဘာ ပုတီးလုံးလေးရဲ့ အာကာသ ဟင်းလင်းပြင် အထဲမှာ… မာဝူရဲ့ စိတ်ဝိညာဉ်ဟာ တစ်ဝက်တစ်ပျက် ထိုးဖောက်ပြီး မြင်နေရဲ့တဲ့ အဝါရောင် ဖျော့ဖျော့လေး အဖြစ်ကို ပြောင်းသွားကာ… တစ်ဟုန်ထိုး စီးဆင်းနေခဲ့တဲ့ အစစ်အမှန် ငရဲကမ္ဘာရေတွေရဲ့ အထဲမှာ နာကျင်စွာနဲ့ပဲ ရုန်းကန်နေရရှာပါတယ်။

"ဟေ့…ငါ့ရဲ့ ဆရာက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးကွ!" မာဝူက အငြိုးကြီးစွာနဲ့ပဲ ဟိန်းဟောက်လိုက်ပါပြီ။

လင်းဖုန်းကလည်း ရယ်ရမ်းသွေးလိုက်ကာ… "ဟဟ… ငါက သိတာပေါ့ကွ… မင်းရဲ့ အခြေတည်ဝိညာဉ် အဆင့်က ဆရာက မင်းရဲ့ စိတ်ဝိညာဉ် အထဲမှာ… အဆောင်မန္တန် တစ်ခုကို ထည့်ထားတာ မဟုတ်လား? မင်းက သေသွားပြီးတော့ မင်းရဲ့ စိတ်ဝိညာဉ်က လွင့်ပြယ်သွားခဲ့ရင်… သူကတော့ ချက်ချင်းသိနိုင်မှာပဲလေ။ ဟဲဟဲ… ဒါပေမဲ့လည်း ငါကမင်းကို အခုချက်ချင်း သတ်ဦးမှာတော့ မဟုတ်သေးဘူး… အခုမင်းရှိနေတဲ့ နေရာအတိအကျကို သိနိုင်မလား ဆိုတာက စဉ်းစားစရာပဲကွ…"

မာဝူကလည်း အကြံအိုက်စွာနဲ့ပဲ သူ့ရဲ့မျက်လုံးအစုံကို ပိတ်ထားလိုက်ပါပြီ။ သူဟာ မသေခဲ့ပဲနဲ့… သေတာထက်ကို အဆတစ်ထောင်မက ပိုဆိုးတဲ့ အဖြစ်မျိုးကို ခံစားရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့ဖူးပါဘူး။

လင်းဖုန်းကလည်း ဖွဖွလေးပဲ ပြုံးလိုက်ကာ… "ကဲ… အခုငါ့ကို ပြောပြစမ်းပါဦး… ငါ့ရဲ့ တပည့်လေးက မင်းတို့တတွေကို နဂါးငွေ့တန်း သဲမှုန်ရဲ့ အကြောင်းကို မေးလိုက်တာနဲ့… ဘာဖြစ်လို့များ မင်းတို့က ချက်ချင်းကိုပဲ ရန်လိုလာပြီးမှ တိုက်ခိုက်ရတာလည်း?"

မာဝူကလည်း သူဟာ လင်းဖုန်းရဲ့ မေးခွန်းတွေကို မဖြေချင်နေခဲ့ပဲ… အဖြေအမှားတွေကို ပြောပြချင်နေခဲ့တယ် ဆိုတာကို ကောင်းကင်ဘုံမှာရှိတဲ့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ အားလုံးကို ကျိန်ဆိုဝံ့ပါတယ်။

ဒါပေမဲ့လည်း… ငရဲကမ္ဘာ ရုပ်သေးရုပ် ဖန်ဆင်းခြင်း မှော်ကျိန်စာရဲ့ ချုပ်ကိုင်လွှမ်းမိုးမှုတွေရဲ့ အောက်မှာ… သူဟာ မေးခွန်းတိုင်းကို အမှန်အတိုင်းပဲ ဖြေခဲ့ရတယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now