အပိုင်း ၃၀ : အမတ်ရဲ့ ပြဿနာကောင် သား... အမှန်တရားကို မြတ်နိုးသူ

1K 102 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၂ : အပိုင်း ၁၀

အပိုင်း ၃၀ : အမတ်ရဲ့ ပြဿနာကောင် သား… အမှန်တရားကို မြတ်နိုးသူ

ဒီမူလကောင်းကင် ကမ္ဘာကြီးဟာ အမတန်ကိုမှပဲ ကျယ်ပြန့်လှပါတယ်။ လင်းဖုန်းဟာ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပေမယ့် အချိန်သုံးလတောင် ကုန်သွားခဲ့တယ်လေ… ရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်ကျော်လို့ အပြီးမှာတော့ သူတို့ဟာ မဟာကျိုး အင်ပါယာရဲ့ မင်းနေပြည်တော်… ထျန်းကျင်းကို နောက်ဆုံးမှာ ရောက်ရှိလို့ လာခဲ့ပါပြီ။

ဒီအချိန်မှာတော့ လင်းဖုန်းက သူ့ရဲ့အဆင့်တွေဟာ အမတန်ကိုမှပဲ နိမ့်ကျနေတယ် ဆိုတာကို ရိုးသားစွာနဲ့ပဲ ခံစားမိခဲ့ပါတယ်… သူ့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေဟာ ခရီးသွားရင်းနဲ့ပဲ ကုန်ဆုံးသွားခဲ့တယ်လေ။

ဒီကမ္ဘာမှာ… တခဏလေးနဲ့ မိုင်တစ်ထောင် သွားနိုင်တယ်ဆိုတာဟာ အဆင့်မြင့် ကျင့်ကြံသူတွေ အဖို့တော့ အသေးအဖွဲလေးပါ။

ဒါပေမယ့်လည်း… သူ့ရဲ့ တပည့်နှစ်ယောက် ပါလာတော့ တစ်မျိုးတစ်ဘာသာ ဖြစ်သွားတာပေါ့… စကားလှလှလေးကို သုံးရရင် သူ့ရဲ့တပည့်နှစ်ယောက်ကို အတွေ့အကြုံရအောင် လေ့ကျင့်ပေးတာပါ။

လင်းဖုန်းကလဲ ဒီသုံးလကို အလဟသ အဖြစ်မခံခဲ့ပါဘူး… ခရီးသွားချိန်ကလွဲလို့ သူဟာ ဖိဖိစီးစီးနဲ့ပဲ အားထုတ်ခဲ့ပါတယ်။

မီးလျှံဓားဂိုဏ်းက အကြီးအကဲလီနဲ့ တိုက်ခိုက်ပြီးနောက်မှာ… လင်းဖုန်းဟာ အန္တရာယ်ရဲ့ အငွေ့အသက်တွေကို ကောင်းကောင်းကြီး ခံစားမိတယ်လေ။ သူ့ရဲ့လက်ရှိ အခြေအနေနဲ့ဆိုရင် ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေဟာ ဧရာမ ပုဂ္ဂိုလ်ကြီးတွေပါ… သူတို့ရဲ့ ခြေသလုံးမွှေး တစ်ချောင်းဟာ သူ့ရဲ့ခါးထက်ကို ပိုပြီးတော့ တုတ်တယ်လေ။

အရင် တစ်ခေါက်တုံးက သူဟာ တောက်တီလေးကို အသုံးချပြီး အကြီးအကဲလီကို တွန်းလှန်ခဲ့တာပါ… ဒါ့ကြောင့်လဲ ဆရာကြီးအဖြစ် အောင်မြင်စွာနဲ့ ဟန်ဆောင်နိုင်ခဲ့တာပေါ့။ ဒါပေမယ့် ဒါကလဲ သူ့ရဲ့ ကျွမ်းကျင်စွာနဲ့ ကြိုးကိုင်ခြယ်လှယ် နိုင်မှုကြောင့်လေ… အရာရာတိုင်းဟာ သူ့အလိုအတိုင်း ဖြစ်လာလို့ အောင်မြင်ခဲ့တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Où les histoires vivent. Découvrez maintenant