ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၃ : အပိုင်း ၄
အပိုင်း ၃၄ : ဗုဒ္ဓ၏ သာဝက
ဘုရားကျောင်းကနေ ထွက်လာပြီးနောက်ပိုင်းမှာ… လင်းဖုန်းဟာ မြန်မြန်ပြေးနေရင်းနဲ့ပဲ အသံလွှင့် သလင်းကျောက်တုံးကို ဖိခြေလိုက်ပါတယ်။ ကြေမွသွားတဲ့ ဒီသလင်းကျောက်တုံး အစိတ်အပိုင်း တွေကနေ အဖြူရောင် အလင်းတန်း ဖျော့ဖျော့လေး တစ်ခုဟာ ထိုးထွက်ကာ လာခဲ့တယ်လေ… လင်းဖုန်းကလည်း ပြောလိုက်ပါပြီ… "ကဲ… ယန်ကလေးရေ… မင်းရဲ့ ဂျူနီယာလေးကိုခေါ်… မြို့ရဲ့ အနောက်ဖက်က နွေဦးတောင်တန်းကို လာပြီးတော့ ဆရာနဲ့ လာတွေ့ချေ…"
ရှောင်ယန်လေးရဲ့ အသံဟာလည်း အဖြူရောင် အလင်းတန်းရဲ့ အထဲကနေ ချက်ချင်းပဲ ထွက်ပေါ်ကာ လာခဲ့ပါတယ်… ဒီလူငယ်လေးရဲ့ အသံဟာ အသက်ရှူသံတွေ ပြင်းနေခဲ့တယ်လေ။ သူကလည်း ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ်… "ဟုတ်… စိတ်ချပါ ဆရာသခင်… ကျွန်တော်တို့ ချက်ချင်းပဲ လာခဲ့ပါ့မယ် ခင်ဗျ…" စကားတစ်ကြောင်း ဆုံးသွားတာနဲ့ အဖြူရောင် အလင်းတန်းလေးဟာ တဖြေးဖြေး မှိန်ဖျော့ကာ လာခဲ့ပါပြီ… အလင်းကျောက်တုံး အပိုင်းအစတွေဟာလည်း အရောင်အဆင်း ကင်းမဲ့ပြီးတော့… သာမန်ကျောက်တုံးတွေအလား ဖြစ်သွားခဲ့ပြီလေ။
လင်းဖုန်းက သူ့ရဲ့ခေါင်းကို ခါလိုက်ပါပြီ… ဒီအသံလွှင့် သလင်းကျောက်တုံးဟာ အသုံးတော့ တော်တော်ဝင်ပါတယ်… ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူက တစ်ခါသုံး ပစ္စည်းဖြစ်ပြီး ဈေးကလဲ အမတန်ကိုမှပဲ ကြီးလှပါတယ်။
ရှောင်ယန်လေးရဲ့ အလောတကြီး လေသံကလဲ သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။ အသက်ရှူသံ ပြင်းနေတဲ့ ပုံကိုထောက်တော့ သူဟာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေခဲ့တာနဲ့ တူတယ်လေ။
လင်းဖုန်းကလည်း မျက်မှောင်ကြီးကို အတန်ငယ် ကြုတ်လိုက်ပါပြီ… "အင်း… ဒီမျောက်နှစ်ကောင်တော့ ဘာမှမဖြစ်မှ ရမယ်ဟ…"
အချိန်အကြာကြီး အတူရှိပြီးတဲ့ နောက်ပိုင်းမှာတော့ သူတို့ရဲ့ ဆက်ဆံရေး တွေဟာလည်း အမတန်ကိုမှပဲ ကောင်းမွန်ကာ လာခဲ့ပါပြီ။ ဒီဇာတ်လိုက် မင်းသားအဆင့် တပည့်နှစ်ယောက်ကို အလွယ်တကူ အနိုင်ကျင့်လို့ မရမှန်း သိပေမယ့်… သူတို့နှစ်ယောက်ဟာ အရွယ်မရောက်သေးတော့ လင်းဖုန်းက စိတ်မပူလို့ မရပါဘူး။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...