အပိုင်း ၅၅ : ခြေတစ်လှမ်း နောက်ကျသွားခြင်း!

750 85 0
                                    

အပိုင်း ၅၅ : ခြေတစ်လှမ်း နောက်ကျသွားခြင်း!

ဒီမှိတ်တုတ်မှိတ်တုတ် အလင်းတန်းလေးနဲ့အတူ... လင်းဖုန်းဟာ မဟူရာ တိမ်တိုက်အလံကို ထိန်းချုပ်ပြီးတော့ တခြားလေဟာနယ် တစ်ခုအတွင်းကို တကယ်ပဲ ဝင်ရောက်သွားခဲ့ပါပြီ။

ဒီလေဟာနယ်ကို မြူခိုးမြူငွေ့တွေနဲ့ ကာဆီးထားပြီး… အကုန်လုံးဟာ ဖရိုဖရဲ ပရမ်းပတာနဲ့ မှုန်ဝါးဝါး ဖြစ်နေခဲ့ပါတယ်။

မြူခိုးမြူငွေ့တွေ ကင်းစင်သွားတော့… သူမြင်လိုက်ရတာဟာ အဆုံးအစမဲ့တဲ့ ဟင်းလင်းပြင်ကြီးပါ။ သူဟာ အထီးကျန်သလိုမျိုး ဖြစ်နေပြီး ရှေးကျလှတယ်လေ… အမှောင်ထုထဲမှာ အလင်းတန်း တစ်ချို့ဟာ တစ်ချက်တစ်ချက် လင်းလက်သွားကြပြီး… လင်းဖုန်းနဲ့ ရေတွက်လို့ မရနိုင်တဲ့ အကွာအဝေးမှာ ရှိနေခဲ့ပါတယ်။

လင်းဖုန်းကလဲ သတိထားလိုက်ပါပြီ… "ဟာ… ဒီနေရာက ဘယ်လိုနေရာမျိုးလဲဟ?" သူက ဇဝေဇဝါ ဖြစ်နေဆဲမှာပဲ… ကြီးကျယ်ခန်းနားတဲ့ မှော်စွမ်းအင် အော်ရာဟာ ပတ်ဝန်းကျင် တခွင်ကို ပျံ့နှံ့သွားပြီး… ချက်ချင်းကိုပဲ ကျယ်ပြန့်လာခဲ့ပြီလေ။

ဟင်းလင်းပြင်ဟာ နောက်တစ်ခေါက် ကွဲပျက်သွားပြီး… လင်းဖုန်းရဲ့ အမြင်ထဲကို စူးရှတောက်ပတဲ့ အလင်းတန်းတွေဟာ နောက်ထပ်တစ်ဖန် ဝင်ရောက်လို့ လာခဲ့ပြန်ပါပြီ။ သူ့ရဲ့အမြင် ပုံမှန်ဖြစ်သွားတဲ့ အချိန်မှာတော့… သူဟာ မူလကောင်းကင်ကို ပြန်လည်ရောက်ရှိ နေခဲ့ပြီလေ… ဒါ့အပြင် သူ့ရဲ့နေရာဟာလဲ အရင်က ပျံသန်းနေဆဲ လမ်းကြောင်းအပေါ်မှာပါပဲ။

"အင်း… ငါက ဒီဟင်းလင်းပြင် လေဟာနယ်ကြီးထဲကို မတော်တဆနဲ့ ရောက်ရှိသွားခဲ့တာလား?" လင်းဖုန်းကတော့ တစိမ့်စိမ့်နဲ့ပဲ တွေးနေခဲ့ပါတယ်။ သူ့ရဲ့ခေါင်းကို လှည့်လိုက်တော့… မျက်နှာတစ်ခုကို ရုတ်တရက်ပဲ တွေ့လိုက်ရတယ်လေ။

ဒါကတော့ ကြီးမားတဲ့ အဘိုးကြီး တစ်ယောက်ပါ… သူ့မှာက မျက်နှာကျယ်ကျယ်.. နားရွက်ကြီးကြီးနဲ့ အတော်ကိုပဲ ခံ့ညားလှပါတယ်။ သူက လင်းဖုန်းကို စိုက်ကြည့်ပြီး အကဲခတ်နေခဲ့ပါတယ်… သူ့ရဲ့ အမူအယာတွေဟာလဲ အလွန်အမင်းကိုမှပဲ ရှုပ်ထွေးနေလို့ပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now