အပိုင်း ၆၄ : ငါကမင်းကို ချေမှုန်းမယ်လို့ ပြောထားတော့ ငါကမင်းကို ချေမှုန်းမှာပေါ့

750 82 0
                                    

အပိုင်း ၆၄ : ငါကမင်းကို ချေမှုန်းမယ်လို့ ပြောထားတော့… ငါကမင်းကို ချေမှုန်းမှာပေါ့!

လင်းဖုန်းဟာ ဒီ၂၄ကောင်းကင် ရဟန္တာ ဝင်္ကပါကို အသက်သွင်းလိုက်တဲ့ အချိန်က စပြီးတော့… ဒီတိုက်ပွဲဟာ တစ်ဘက်သတ် တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။

အခြေခံ အုတ်မြစ်အဆင့် မှော်စွမ်းအင်ကို ပိုင်ဆိုင်ကြတဲ့ ရွှေရောင်ရဟန္တာ ၂၄ပါး။ သူတို့ဟာ တစ္ဆေဝိညာဉ် ကိုယ်ထည် တစ်ဒါဇင်လောက်ကို ဝိုင်းပြီးတော့ ပယ်ပယ်နယ်နယ် ဆွမ်းကြီးလောင်းပါတော့တယ်။

တစ်ယောက်ချင်းပဲ ချချ… အုပ်စုလိုက်ပဲချချ… ဒီတစ္ဆေဝိညာဉ် ကိုယ်ထည်တို့ဟာ အစကတည်းက ဒီရွှေရောင် ရဟန္တာတွေရဲ့ ပြိုင်ဘက်တွေ မဟုတ်ကြပါဘူး။ ဒါ့အပြင် အခုမှာက သူတို့ဟာ ဗုဒ္ဓအလင်းရောင်တွေရဲ့ ချုပ်နှောင်ဟန့်တား ထားခြင်းကိုလဲ ခံနေရတော့… သူတို့စွမ်းရည်ရဲ့ ၈၀%ကိုသာ ထုတ်ပြနိုင်ကြတာပါ။ ဒီတိုက်ပွဲရဲ့ ရလဒ်ကတော့ မေးနေစရာကို မလိုတော့ပါဘူး။

စီးခုံးနန်ကလဲ သူသန့်စင်ထားတဲ့ တစ္ဆေဝိညာဉ် ကိုယ်ထည်တွေဟာ တစ်ခုပြီးတစ်ခု အသတ်ခံနေရတာကို ကြည့်ပြီးတော့… ပရိဒေဝမီး တောက်လောင်စွာနဲ့ အော်ဟစ်လိုက်ပါတယ်။

"ဟိတ်… ကောင်ကလေး… ငါတို့နှစ်ယောက်မှာ တစ်ယောက်မသေမချင်း… ပွဲမပြီးဘူးဟေ့!"

စီးခုံးနန်ရဲ့ အမူအရာတွေဟာ ရက်စက်ကြမ်းကြုတ်ကာ လာခဲ့ပါပြီ။ သူ့ရဲ့လက်နှစ်ဘက်ကို ရင်ဘက်ရဲ့ အရှေ့မှာ စုစည်းလိုက်ပြီး… မှော်ကျိန်စာ သင်္ကေတတစ်ခုကို ဖန်ဆင်းလိုက်ပြီလေ။ အနက်ရောင် မြူခိုးငွေ့တွေဟာ အဆက်မပြတ်ပဲ စုစည်းနေခဲ့ပြီး… အနက်ရောင် အလင်းတန်း စက်လုံးလေး တစ်ခုအဖြစ်ကို သိပ်သည်းလို့ သွားခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ တစ္ဆေဝိညာဉ် ကိုယ်ထည်တွေကလဲ အကုန်လုံးပဲ စူးရှစွာ အော်ဟစ်လိုက်ကြပါပြီ။ သူတို့ရဲ့ မျက်စိတွေက အနီရောင် အလင်းတန်းတွေဟာ လင်းလက်လာခဲ့ပြီး… စီးခုံးနန်ရဲ့ ရင်ဘတ်အရှေ့က အနက်ရောင် အလင်းတန်း စက်လုံးလေးရှိရာဆီကို ပျံသန်းလာခဲ့ကြပြီလေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Onde histórias criam vida. Descubra agora