အပိုင်း ၈၆ : တကယ်လိုများ ငါက ရွှေရောင်ဗဟိုချက် အဆင့်က စွမ်းအားကို သုံးလိုက်ရင်

687 81 0
                                    

အပိုင်း ၈၆ : တကယ်လိုများ ငါက ရွှေရောင်ဗဟိုချက် အဆင့်က စွမ်းအားကို သုံးလိုက်ရင်… မင်းတို့ကို အနိုင်ကျင့်တယ်လို မှတ်လိုက်ဟ

"ကဲ… မင်းက ငါ့ရဲ့အရှေ့မှာ ဓားရေးလာခင်းပြရင်… ဘာအကျိုးဆက်တွေ ရှိနိုင်မလည်း ဆိုတာကို သိရဲ့လားကွ?"

လင်းဖုန်းက အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ်။

ဒီစကားကို ကြားလိုက်ရတော့… ရွှယ်ချောင်ဟာ ခဏကြာအောင် အံ့ဩသွားခဲ့ပြီး… မအောင့်နိုင်တော့ပဲနဲ့ ရယ်လိုက်ပါပြီ… "ဟဲဟဲ… တာအိုဆရာစုတ်… ကြည့်ရတာ မင်းက အူကြောင်ကြောင် ဖြစ်သွားပြီနဲ့တူတယ်… မင်းကိုယ်မင်းရော ဘာများမှတ်နေလို့လည်း?"

ခဏအကြာမှာပဲ သူက ရက်စက်စွာနဲ့ ပြုံးလိုက်ပြီး… "မင်းလိုမျိုး အမှိုက်ကောင်ကို ဒီကမ္ဘာကြီးထဲမှာ အသက်ဆက်ပြီးတော့ ရှင်သန်ခွင့် ပေးထားလည်း ဘာမှမထူးတော့ဘူး။ ဒါဆိုတော့လည်း ငါက မင်းကို လမ်းအဆုံးထိရောက်အောင် လိုက်ပို့ပေးလိုက်တော့မယ်ကွ!" စကားပြောနေရင်းနဲ့ပဲ… သူဟာ ဓားပျံလေးကို ထိန်းချုပ်ကာ လင်းဖုန်းရဲ့ ဦးခေါင်းပေါ်ကို ခုတ်ချလိုက်ပါတော့တယ်။

ဒါပေမဲ့လည်း လင်းဖုန်းဟာ သူ့ရဲ့ခေါင်းပေါ်က ဓားပျံလေးကို ကြည့်တောင်မှပဲ မကြည့်ခဲ့ပါဘူး… အဲ့ဒီအစား သူဟာ ပိန်ပိန်ပါးပါး ဝါးခြမ်းပြားနဲ့တူတဲ့… မစ္စတာမာကိုပဲ ကြည့်ပြီးတော့မှ မေးလိုက်ပါပြီ… "ဟေ့… အခြေခံအုတ်မြစ် အဆင့်ကလူ… မင်းတို့အားလုံးထဲမှာ မင်းက အဆင့်အမြင့်ဆုံး ကျင့်ကြံသူပဲလားကွ?"

မစ္စတာမာကလည်း သူ့ရဲ့ နဖူးကို ရှုံ့လိုက်ပြီး… "ဟေ့… မိစ္ဆာဒိဌိလေး… မင်းက ကောင်းကင်နဲ့ မြေကြီးဟာ ဘယ်လောက်အထိကို ခြားနားတယ် ဆိုတာကို မသိဘူးပဲ။ ဒီလိုအချိန်မျိုးမှာတောင် မဟုတ်တရုတ်တွေကို လျှောက်ပြောနေတာလား?"

လင်းဖုန်းကလည်း ရယ်ရမ်းသွေးလိုက်ကာ… "ဟင်းဟင်း… ထားလိုက်ပါတော့ကွာ… ငါက ကလေးလေး တစ်အုပ်စုကို အနိုင်မကျင့်ချင်ပါဘူး…"

"ရွှေရောင်ဗဟိုချက် အဆင့်က စွမ်းအားကို သုံးလိုက်ရင်တောင်မှပဲ မင်းတို့ကို အနိုင်ကျင့်ရာ ကျသွားပြီးဟ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Unde poveștirile trăiesc. Descoperă acum