အပိုင်း ၁၀၃ : မိုးကြိုးမြွေကြီး၏ ပြောင်းလဲတိုးတက်မှု ဆင့်ကဲဖြစ်စဉ်

711 73 0
                                    

အပိုင်း ၁၀၃ : မိုးကြိုးမြွေကြီး၏ ပြောင်းလဲတိုးတက်မှု ဆင့်ကဲဖြစ်စဉ်

ရှေးကျလှသော တောနက်ကြီးရဲ့ အတွင်းဝယ်… လင်းဖုန်းဟာ ရှောင်ပုတန်လေးကို တင်ပြီးမှ မဟူရာ တိမ်တိုက်အလံကို ထိန်းချုပ်ကာ ပျံသန်းနေခဲ့ပါတယ်။

"အား… ဆရာသခင်… ဒီနေရာပဲဗျ…" ရှောင်ပုတန်လေးက လျှိုမြောင်တစ်ခုကို လက်ညှိုးထိုးပြီးမှ ပြောလိုက်ပါတယ်။

လင်းဖုန်းကလည်း သူ့ရဲ့မျက်လုံးအစုံကို ပင့်လိုက်ပြီး ကြည့်လိုက်ပါပြီ။ အဝေးကနေ တောင်မှပဲ ဒီလျှိုမြောင်လေးရဲ့ အတွင်းမှာ… လျှပ်စီးလိုမျိုး ပြင်းထန်တဲ့ အော်ရာတစ်ခုကို ခံစားမိနေရပြီလေ။

ပိုပြီးတော့ သိသာတာက ဒီလျှိုမြောင်ရဲ့ အပေါ်က ကောင်းကင်ယံမှာ… တိမ်တိုက်တွေရဲ့ အတွင်းကနေပြီး ပြင်းထန်လှတဲ့ လျှပ်စီးမိုးကြိုးတွေဟာ မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းလက်ပြီးမှ နေကြတာပါ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ပဲ လင်းဖုန်းဟာ… ဒီသဲကြီးမဲကြီး ဖြစ်နေကြတဲ့ လျှပ်စီးတွေဟာ မြွေလျှပ်စီးတွေ ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲ့ဒီလျှပ်စီးရဲ့ စွမ်းအားဟာ အောက်ကလျှိုမြောင်ကထက် အဆပေါင်း ရာနဲ့ထောင်နဲ့ ချီပြီးမှ ပိုပြီးကြီးမားလှတယ်လေ။

လင်းဖုန်းဟာ အချိန်အတန်ကြာအောင် စူးစမ်းလေ့လာလိုက်ပြီးမှ… သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ကို ချလိုက်ပါပြီ။ "အင်း… ကံကောင်းစွာနဲ့ပဲ ဒီကောင်းကင်မိုးကြိုး ရွှေရောင်မြွေကြီးဟာ အရေခွံလဲတာကို မစရသေးဘူးဟ…"

ကောင်းကင်မိုးကြိုး ရွှေရောင်မြွေကြီးဟာ မျိုးကွဲသားရဲ တစ်ကောင်ပဲ ဖြစ်ပြီးတော့… သူ့ရဲ့စွမ်းအားဟာ လူသားကျင့်ကြံသူတွေရဲ့ အခြေခံအုတ်မြစ် အဆင့်မှာ ရှိပါတယ်။ တကယ်လို့များ သူဟာ အောင်မြင်စွာနဲ့ အရေခွံလဲခြင်းကို အောင်မြင်သွားခဲ့ရင်.. သူဟာ ကောင်းကင်မိုးကြိုး ရွှေရောင်မြွေနဂါး အဖြစ်ကို တိုးတက်ပြောင်းလဲ သွားနိုင်မှာပဲ ဖြစ်တယ်လေ။

နှစ်ပေါင်း တစ်ထောင်အထိ အသက်ရှင်နေတဲ့ မြွေဟာ မြွေနဂါး ဖြစ်သွားပြီး… နှစ်ပေါင်းတစ်သောင်း ကြာရင်တော့ နဂါးတစ်ကောင် ဖြစ်သွားမှာပါ။ မြွေခန္ဓာကိုယ်ရဲ့ အဟန့်အတား အကြေးခွံတွေကို စွန့်ပြီးသွားရင်တော့… သူဟာ မြွေနဂါးတစ်ကောင် အဖြစ်ကို ပြောင်းလဲသွားနိုင်ပြီး… ကောင်းကင်ကိုးလွှာမှာ ပျံသန်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Dove le storie prendono vita. Scoprilo ora