ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၁၉
အပိုင်း ၁၉ : ကူညီခြင်း နှင့် စမ်းသပ်ခြင်း
တခဏတာလေး အတွင်းမှာပဲ လင်းဖုန်းရဲ့ နှလုံးသားလေးဟာ ရပ်တန့်လို့ သွားခဲ့ပါတယ်။
သူတို့ စတွေ့တဲ့အချိန် ကတည်းက ယန်မင်းရွဲ့ဟာ အမြဲပဲ အလွန်ယဉ်ကျေး.. ငြိမ်းချမ်းပြီး တည်ငြိမ်နေတဲ့ အမူအရာကိုပဲ ပြသနေခဲ့တာပါ။
သူမဟာ ဒီကမ္ဘာရဲ့ နံပါတ်တစ် မြင့်မြတ်နယ်မြေက လာခဲ့တာလေ… ဒါပေမယ့်လည်း သူမကို ချဉ်းကပ်ရတာက လွယ်ကူပါတယ်… သူမမှာက မာနကြီးပြီး အထက်စီးဆန်တဲ့ ခံစားချက်မျိုး တစ်စက်မှ မရှိခဲ့ပါဘူး။
လက်ရှိအချိန်မှာတော့ သူမဟာ ဒုက္ခရောက်နေခဲ့ပါတယ်… ဒါပေမယ့်လည်း သူမဟာ ခက်ခဲတဲ့ အနေအထား ရောက်နေတဲ့ ပုံစံမျိုးကို မပြခဲ့ပါဘူး… အဲ့ဒီအစား သူမဟာ လေထုလိုမျိုး တည်ငြိမ်နေခဲ့တယ်လေ… အရာရာတိုင်းဟာ သူမရဲ့ ထိန်းချုပ်ခြင်းအောက်မှာ ရှိနေသလိုမျိုးပါပဲ။
ဒါပေမယ့်လည်း ဒီလိုမျိုး နှိမ့်ချပြီး ကြင်နာတတ်တဲ့ ပုံစံမျိုး ရှိနေတဲ့ ယန်မင်းရွဲ့ရဲ့ ရင်ထဲက အနက်ရှိုင်းဆုံး နေရာမှာ မာနတရား ရှိနေတယ် ဆိုတာကို လင်းဖုန်းက ကောင်းကောင်းကြီး အာရုံခံမိခဲ့ပါတယ်။
အပြင်ပန်းမှာက ချဉ်းကပ်ဖို့ရာ လွယ်ကူတယ်လို့ ထင်ရပေမယ့် သူမရဲ့ ရင်ထဲမှာက မာနတွေ အပြည့်နဲ့ပါ… ဒါဟာသူမနဲ့ ပထမဦးဆုံး ဆက်ဆံဖူးတဲ့ လူတွေအဖို့တော့ အထင်မှားလွယ် စေခဲ့တယ်လေ။
ဒါဟာ စိတ်ရောကိုယ်ပါ အမတန်ကိုမှ ကြံ့ခိုင်တဲ့ လူတွေရဲ့ ပုံစံပါပဲ… ကြံ့ခိုင်လွန်းတော့ အသေးအဖွဲ့ ကိစ္စတွေကို ခေါင်းထဲမှာ မထည့်တော့ဘူးလေ… သူများတွေက သူမကို ဘယ်လိုထင်မလဲဆိုတာ ဂရုကိုမစိုက်တာပါ။
သူမရဲ့ မာနဟာ သူများကို မသိမ်ငယ်စေပါဘူး… စိတ်ကြီးဝင်တာလဲ မဟုတ်ရသလို ဘဝင်မြင့်တာမျိုးလဲ မဟုတ်ဘူးလေ။ ပြောင်းပြန်ပါပဲ… သူမရဲ့ မာနဟာ သူမရဲ့ ဖော်ရွှေမှု.. သူမရဲ့ ယဉ်ကျေးမှုနဲ့ သူမရဲ့ စိတ်ရှည်မှုတွေပဲ ဖြစ်ပါတော့တယ်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...