အပိုင်း ၅၈ : ကလေးမလေး... ဦးဦးကမင်းကို ရွှေငါးကြည့်ဖို့ ခေါ်သွားပေးမယ်

846 80 0
                                    

အပိုင်း ၅၈ : ကလေးမလေး… ဦးဦးကမင်းကို ရွှေငါးကြည့်ဖို့ ခေါ်သွားပေးမယ်

ဟန်တောင်ကျောင်းတော် ပြီးရင်… နတ်ဘုရားအိုင်တမ် တစ်ခုလား.. ဘိုးတော်ကြီး တစ်ပါးလား ဆိုတာကိုတော့ မသေချာပေမယ့်… ဝမ်လင်းမှာက ဖက်စရာ ရွှေရောင် ခြေထောက်ကြီးတစ်ချောင်း ရှိနေသေးတယ် ဆိုတာကိုတော့ လင်းဖုန်းက ကောင်းကောင်းကြီး သိနေခဲ့ပါတယ်။

လင်းဖုန်းရဲ့စိတ်ဟာ လက်စွပ်အတွင်းကို ဝင်လိုက်ပါပြီ။ အထဲမှာ ရှိနေတာကတော့ အလင်းတန်း တိုင်လုံးကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ လှောင်အိမ်တစ်ခုနဲ့… မှောင်မိုက်နေတဲ့ နေရာကျဉ်းလေးထဲမှာ ထိုင်နေတဲ့ ကောင်မလေး တစ်ယောက်ပဲ ဖြစ်ပါတော့တယ်။ သူမမှာက ကျစ်ဆံမြီးနှစ်ချောင်းရှိပြီး ချစ်စရာကောင်းတဲ့ အရုပ်မလေးတစ်ရုပ်နဲ့ တူတယ်လေ။

ဒီလိုလီလေးဟာ လုံးဝကို ပျင်းရိပျင်းတွဲနဲ့ ထိုင်နေပြီး… အဆက်မပြတ်ပဲ တဗျစ်တောက်တောက်နဲ့ မြည်တွန်တောက်တီးလို့ နေခဲ့ပါတယ်… "အင်း… ဗိုက်အရမ်းဆာတယ်… အင်း… ဗိုက်အရမ်းဆာတယ်…"

လင်းဖုန်းရဲ့ နှုတ်ခမ်းအစုံဟာလဲ တွန့်သွားခဲ့ပါပြီ… "ဟင်း… ဒီအစားပုတ်မလေးတော့ကွာ…"

လင်းဖုန်းကို မြင်လိုက်တာနဲ့ ဒီလိုလီလေးဟာ သူမရဲ့ ချစ်စရာကောင်းလှတဲ့ နှာခေါင်းသေးသေးလေးကို ရှုံ့လိုက်ပြီး… "ဟွန့်"ကနဲ့ လုပ်လိုက်ကာ သူမရဲ့ခေါင်းကို ဟိုဘက်လှည့်လိုက်ပြီး လင်းဖုန်းကို ဆက်ပြီးတော့ မကြည့်တော့ပါဘူး။

ဒီကလေးမလေးရဲ့ အမူအရာတွေဟာ ကလေးအနည်းငယ် ဆန်နေခဲ့ပေမယ့်… လင်းဖုန်းကသူ့ကို နည်းနည်းလေးမှ လျှော့မတွက်ရဲခဲ့ဘူးလေ။ သူ့ရဲ့ အာရုံအရဆိုရင်… လိုလီလေးနဲ့တူတဲ့ ဒီခက်ထန်တဲ့ သားရဲပေါက်စမလေးဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ထက်ကို ပိုပြီးတော့ နိမ့်မကျပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ်မှာ လင်းဖုန်းဟာ ကောင်းကင်လှောင်အိမ် မှော်အင်းကွက်ကိုသာ အသုံးပြုပြီး သူမကို ချုပ်နှောင်ထားနိုင်တာဖြစ်ပြီး… သူမကို အသေသတ်ဖို့ကတော့ မတတ်နိုင်သေးပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Onde histórias criam vida. Descubra agora