အပိုင်း ၈၅ : ငါကကလေးတွေကို အနိုင်မကျင့်ချင်ဘူးကွ

721 75 0
                                    

အပိုင်း ၈၅ : ငါကကလေးတွေကို အနိုင်မကျင့်ချင်ဘူးကွ

ငရဲကမ္ဘာ ပုတီးလုံးလေး ပေါ်ပေါက်လာခဲ့တာနဲ့ တပြိုင်နက်… ရန်သူရဲ့ ရေအနွယ်ဝင် မှော်ကျိန်စာကလည်း ချက်ချင်းပဲ တစ်စစီ ကွဲကြေသွားခဲ့ပါတယ်။

ရွှယ်ချောင်ဟာ သူ့ရဲ့ နဖူးကို ရှုံ့လိုက်ပြီးမှ စိတ်လျှော့လိုက်တယ်လေ။ သူ့ရဲ့ မျက်လုံးအစုံဟာလည်း လောဘစိတ်နဲ့ ပြည့်နှက်လို့ နေခဲ့ပါပြီ… "ကဲ… မစ္စတာမာ… ကျွန်တော်က ဒီရတနာကို လိုချင်တယ်ဗျ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ယူပေးပါ… နောက်ပိုင်းကျရင်တော့ ဆုလာဘ်ကြီးကြီး ရမှာပေါ့ဗျာ.."

ပိန်ပိန်ပါးပါး ဝါးခြမ်းပြားနဲ့ တူနေတဲ့ မစ္စတာမာကလည်း… ဝမ်လင်းကို အကဲခတ်လိုက်ကာ ငရဲကမ္ဘာ ပုတီးလုံးလေးကို ကြည့်လိုက်ပြီလေ။

"အင်း… ကျွန်တော်က ကလေးလေး တစ်ယောက်ကို အနိုင်မကျင့်ချင်ဘူး သခင်လေးရွှယ်… သခင်လေးက ကိုယ့်ဘာသာကိုယ် ဒီချာတိတ်လေးကို ဖမ်းလို့ရတာပဲ။ ကျွန်တော်က သခင်လေးကို ကူညီတဲ့ အနေနဲ့… ဒီရတနာကို တားထားပေးမယ်။ သခင်လေး… ဒါက သခင်လေးရဲ့ ပညာကို ပြရမယ့် အကောင်းဆုံးသော အခွင့်အရေးပါပဲ…"

မစ္စတာမာရဲ့ စကားကို ကြားလိုက်ရတော့… ရွှယ်ချောင်ဟာ ကျယ်လောင်စွာနဲ့ ရယ်လိုက်ပြီး… "ဟားဟား… မစ္စတာမာက ဒီလိုမျိုး ပြောလိုက်တော့… ကျွန်တော်က စိတ်အေးသွားရပြီပေါ့ဗျာ…"

စကားဆုံးတာနဲ့… ရွှယ်ချောင်ဟာ သူ့ရဲ့ပါးစပ်ကို ရုတ်တရက်ပဲ ဟလိုက်ပြီး… အဖြူရောင် မီးခိုးငွေ့ တစ်တန်းကို မှုတ်ထုတ်လိုက်ပါတယ်… "ကဲ… သွားစမ်း!"

ဒီအဖြူရောင် မီးခိုးငွေ့တန်းလေးဟာ ဝမ်လင်းရှိရာဆီကို လွင့်မျောကာ ပျံသန်းလို့ လာခဲ့ပါပြီ… သူ့ကို ကြည့်ရတာ နှေးကွေးတယ်လို့ ထင်ရပေမယ့်… အမှန်တကယ်မှာတော့ သူဟာ ဝမ်လင်းရဲ့ အရှေ့ကို မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာပဲ ရောက်ရှိကာ လာခဲ့ပြီလေ။

ဝမ်လင်းရဲ့ မျက်နှာဟာလည်း တည်ငြိမ်နေခဲ့ပြီး… ငရဲကမ္ဘာ ပုတီးလုံးလေးကို သေချာစွာနဲ့ ထိန်းချုပ်လိုက်ပါတယ်။ ဒီပုတီးလုံးလေးဟာ အလင်းတန်းတွေနဲ့ တောက်ပကာ လာခဲ့ပြီး… ဒီအဝါရောင် ဖျော့ဖျော့ အလင်းတန်းတွေနဲ့ ထိတွေ့လိုက်တဲ့ အခါမှာ… အဖြူရောင် မီးခိုးငွေ့တွေဟာ ရပ်တန့်သွားခဲ့ကာ ရှေ့ဆက်မတိုးနိုင်တော့ပဲ… ဒီနယ်နိမိတ်ကနေ မကျော်နိုင်ပဲ ဖြစ်နေကြတယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)حيث تعيش القصص. اكتشف الآن