အပိုင်း ၈၀ : မယုံနိုင်ဖွယ်ရာ ကံကောင်းခြင်း
လင်းဖုန်းရဲ့ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင်တော့… သူဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်က သိုလှောင်အိတ်ကို ပိတ်ထားတဲ့ချိတ်ကို ဖြည်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း ဒါက မှော်စွမ်းအင်တွေ အားလုံးကို သန့်စင်စေနိုင်တဲ့ ငရဲကမ္ဘာ မြစ်ရေရဲ့ ပြိုင်ဘက်တော့ မဟုတ်ခဲ့ဘူးလေ။ သူက ဝမ်လင်းဆီကနေ ငရဲကမ္ဘာ ပုတီးလုံးကို ယူလိုက်ပါပြီ။ သူက ဒီပုတီးလုံးကို သုံးပြီးတော့ ရန်သူတွေကို မတိုက်ခိုက်နိုင်ပေမယ့်… ဟွေခုံးရဲ့ သိုလှောင်အိတ်ရဲ့ အပေါ်မှာ ပိတ်ထားတဲ့ ချိတ်ကို ဖြည်ဖို့အတွက် အစစ်အမှန် ငရဲကမ္ဘာရေ အနည်းငယ်ကို ထုတ်ယူဖို့ အတွက်ကတော့ လွယ်လွယ်လေးပါ။
သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီးတော့… သူ့ရဲ့ခေါင်းကို ငုံ့လိုက်ကာ အထဲကို တစ်ချက်ကြည့်လိုက်ပါပြီ။ ချက်ချင်းဆိုသလိုပဲ… လင်းဖုန်းဟာ နှုတ်ခမ်းလေးတွေ တွန့်သွားခဲ့ပါတယ်။
ဒီဘုန်းကြီး ဟွေခုံးဟာ ကြည့်ရတာတော့ ခြိုးခြံချွေတာမှု လမ်းစဉ်ကို ကျင့်သုံးနေခဲ့တာနဲ့ တူပါတယ်… သူ့ရဲ့ သိုလှောင်အိတ်ဟာ မွဲတေလွန်းနေခဲ့ပါတယ်… ကောင်းတာဆိုလို့ ဘာကိုမှ သိပ်မရှိပါဘူး။
အဝတ်တို့.. ပိုက်ဆံတို့လို သောင်းပြောင်းထွေလာ ပစ္စည်းမျိုးတွေအပြင်… ဆေးအမယ် အနည်းငယ်သာ ရှိနေခဲ့ပါတယ်။
လင်းဖုန်းကလည်း ဆေးအမယ်တွေရဲ့ အကြောင်းကို ဘာမှသိတာ မဟုတ်တော့… သူဟာ ဒုက္ခရောက်စွာနဲ့ပဲ စနစ်ကြီးရဲ့ အထဲမှာ တစ်ခုပြီးတစ်ခု တိုက်ပြီးတော့… ဘာဆေးအမျိုးအစားလည်း ဆိုတာကို ရှာဖွေစစ်ဆေးရပါတော့တယ်။
ရှာကြည့်နေရင်းကပဲ… လင်းဖုန်းဟာ ပီတိ သောမနဿတွေ ဖြစ်လာခဲ့ပြီလေ။
ဒီဆေးအမယ်တွေဟာ တကယ်ကိုပဲ မဟာမိုးကြိုး ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေပဲ ဖြစ်ပါတော့တယ်။ ဒီဆေးအမယ်တွေရယ်… ဟွေကုရဲ့ ဆီကနေ ရထားတဲ့ ဆေးစာအညွှန်းရယ်… ပေါင်းလိုက်ရင်တော့ သူဟာ သူ့ကိုယ်သူ မဟာမိုးကြိုး ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို ဖော်စပ်လို့ ရမှာပဲ ဖြစ်ပါတယ်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...