အပိုင်း ၅ : ပထမဦးဆုံးအကြိမ် ကံစမ်းမဲနှိုက်ခွင့်

1.5K 152 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၅

အပိုင်း ၅ : ပထမဦးဆုံးအကြိမ် ကံစမ်းမဲနှိုက်ခွင့်

"စနစ်စတင် လည်ပတ်တာ တစ်လတိတိ ပြည့်သွားပြီ ဖြစ်ပါတယ်… ကံစမ်းမဲစနစ်ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ!"

စနစ်ကြီးရဲ့ အကြောင်းကြားချက်ကို ကြားလိုက်ရ အပြီးမှာ လင်းဖုန်းဟာ အနည်းငယ် မှင်သက်သွားခဲ့ပြီး… မျက်ရည်ကျလုမတတ်တောင် ဖြစ်သွားခဲ့တယ်လေ။

ကံစမ်းမဲစနစ် ဆိုတာကြီးဟာ ရှိနေသေးပြီး… မျက်နှာသစ် လက်ဆောင်ဟာ သူ့ကို ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ပေးထားခဲ့သေးတယ် ဆိုတာ သူလုံးဝကို မေ့လုနီးပါး ဖြစ်နေခဲ့တာပါ။

လင်းဖုန်းဟာ ရွာပေါက်ဝက မက်မွန်ပင်အိုကြီးကို တစ်ချက်လှမ်းကြည့် လိုက်ပါတယ်။ ကျောက်ခေတ်ရွာသား တွေကလဲ ရွာအတွင်းကို ဖြေးဖြေးချင်း ပြန်လည်ဝင်ရောက် ကုန်ကြပါပြီ။ လူအုပ်ကြားထဲက ရှောင်ပုတန်လေးကို ကြည့်လိုက်ပြီးတော့ လင်းဖုန်းဟာ တိတ်တိတ်ကလေးပဲ ဆုတောင်းလိုက်ပြီလေ… "အင်း… တပည့်ကောင်းလေးရေ… မင်းက ဇာတ်လိုက်အဆင့် မင်းသားဇာတ်ကောင်နော်… လွယ်လွယ်လေးနဲ့တော့ မသေဘူးလေ… ဟုတ်တယ်မို့လား? ခဏလောက်တော့ တောင့်ခံထားလိုက်ပါဦး… ဆရာသခင်က မြန်မြန်ပြန်လာပြီး မင်းကို လာကယ်ပါ့မယ်ကွာ…"

မက်မွန်ပင်အိုကြီး အနားကနေ အဝေးကို အရင်ဆုံး ထွက်ခွာလာခဲ့ပါတယ်… ပြီးတော့ လင်းဖုန်းဟာ စိတ်အားထက်သန်လှစွာနဲ့ ကံစမ်းမဲစနစ် အတွင်းကို ဝင်ကြည့်လိုက်ပါတော့တယ်။

ကံစမ်းမဲစနစ်ထဲကို ရောက်သွားတာနဲ့… လင်းဖုန်းရဲ့ စိတ်ထဲမှာ ပုံရိပ်သုံးခု ပေါ်လာခဲ့ပါတယ်။

အံစာတုံးတစ်ခု… စက်ဝိုင်းကားချပ် တစ်ခုနဲ့ မြူခိုးတိမ်တိုက် တွေလိုမျိုး… မသဲမကွဲနဲ့ ကောင်းကောင်း မမြင်ရသေးတဲ့ အရာတစ်ခုပဲ ဖြစ်တယ်လေ။

လင်းဖုန်းဟာ အနည်းငယ် ကြိုးစားကြည့်ပါသေးတယ်… ဒီမြူခိုးတိမ်တိုက်လိုမျိုး အရာကို ရွေးချယ်လို့ မရခဲ့ပါဘူး။ ဒါဟာ မပွင့်သေးတဲ့ စနစ်တစ်ခုလဲ ဖြစ်နိုင်တယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Onde histórias criam vida. Descubra agora