အပိုင်း ၁၆ : ဘိုးတော်ကြီး ရာထူးအတွက် ပြိုင်ဆိုင်ခြင်း

1K 109 2
                                    

ဂန္တဝင်ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၁၆

အပိုင်း ၁၆ : ဘိုးတော်ကြီး ရာထူးအတွက် ပြိုင်ဆိုင်ခြင်း

လင်းဖုန်းဟာ လက်ကို ဝေ့ယမ်းလိုက်ပြီး နောက်မှာတော့ စားပွဲထိုးလေးကို ပြန်လွှတ်လိုက်ပါတယ်။ တံခါးကို ပိတ်လိုက်ပြီးနောက်မှာတော့ သူ့ရဲ့ ရင်ထဲက အပျော်တွေကို ထိန်းမထားနိုင်တော့ဘူးလေ.. သူ့ရဲ့ မျက်နှာဟာလည်း မှိုရသလိုမျိုး ပြုံးဖြီးဖြီးကြီး ဖြစ်လို့လာခဲ့ပါပြီ။

မုယုံယန်ရန်ဟာ ဝူကျိုးမြို့ကို ရောက်လို့လာခဲ့ပြီလေ… ဒဏ္ဍာရီလာ စေ့စပ်ပွဲကို ဖျက်သိမ်းခြင်းကို တွေ့ရဖို့က သိပ်ပြီး မလိုတော့ပါဘူး။

လင်းဖုန်းက ရှောင်ပုတန်လေးဆီကို လှမ်းကြည့်လိုက်ပါတယ်… "ကဲ…  ငတုံးလေး… ဆရာသခင်ရဲ့ အနောက်ကို လိုက်ခဲ့ဦးဟ…"

ရှောင်ပုတန်လေးဟာ မျက်လုံးကလေး ကလယ်ကလယ်နဲ့ပဲ ပြန်မေးလိုက်ပါတယ်… "အာ… ဆရာသခင်… ဘယ်ကိုများ သွားကြမှာလဲဗျ?"

လင်းဖုန်းကလဲ ပြုံးပြီးတော့မှပဲ ပြန်ဖြေလိုက်ပြီလေ… "ဟားဟား… နဂိုကတော့ မင်းရဲ့ ပထမဦးဆုံး ဂျူနီယာလေးကို သွားတွေ့မလို့ပဲကွ… ဒါပေမယ့်လည်း မင်းက အငယ်ဆုံးလေးပဲ ဖြစ်ချင်နေတယ်ဆိုတော့ အခု မင်းလေးရဲ့ ပထမဦးဆုံး စီနီယာ ဖြစ်သွားပြီဟေ့…"

ရှောင်ပုတန်လေးကို ခေါ်ပြီးတော့ လင်းဖုန်းဟာ ရှောင်ယန်လေး လာနေကျ ကန်နံဘေးကို ရောက်ကာလာခဲ့ပါပြီ… သူဟာ ကန်ဘေးနားက မြက်ခင်းပြင်တွေရဲ့ အပေါ်မှာ မိုးကြိုးသလင်းတုံးတွေကို ဖြန့်ကြဲပြီး ကောင်းကင်ကိုးလွှာ ကိုးကြိုးဆင့်ခေါ်ချက်ကို အသက်သွင်းဖို့ ဝင်္ကပါပုံစံ တစ်ခုကို ပုံဖော်လိုက်ပြီလေ။

လင်းဖုန်းရွှေ့ထားတဲ့ အကွက်တွေ အရဆိုရင် တိုက်ခိုက်ဖို့တော့ လိုချင်မှ လိုမှာပါ… ဒါပေမယ့်လည်း သတိဆိုတာ ပိုတယ်လို့ မရှိဘူးလေ။
အကုန်လုံးကို ပြင်ဆင်ပြီးတဲ့ နောက်မှာတော့… လင်းဖုန်းဟာ ရှောင်ပုတန်လေးကို ခေါ်ပြီးတော့ ရှောင်ဂေဟာဆီကို ဦးတည်လိုက်ပါပြီ။

ရှောင်ဂေဟာကို ရောက်တာနဲ့ပဲ ဝတ်စုံနက်နဲ့ ရှောင်ယန်ဟာ တံခါးဝကနေ ထွက်လာတာကို တွေ့လိုက်ရပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now