အပိုင်း၁၃ : ကြွေလွင့်သွားသော ပါရမီရှင်လေး

1.1K 112 0
                                    

ဂန္တဝင်ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၁၃

အပိုင်း၁၃ :  ကြွေလွင့်သွားသော ပါရမီရှင်လေး

စိတ်ပိုင်းဖြတ်လိုက် အပြီးမှာတော့ လင်းဖုန်းဟာ သူ့ရဲ့စိတ်ကို လျင်မြန်စွာနဲ့ပဲ ဂီယာချိန်းလိုက်ပါတယ်။ "အင်း… ရှောင်ပုတန်လေး တွေ့လာခဲ့တဲ့ကောင်ဟာ အမှန်ရင်ဆိုတော့ ပမွှားအဆင့်လောက်ပဲ ရှိဦးမယ်… ငါက အခုသူ့ကိုသွားပြီး ကြိုရှင်းထားရင် ကောင်းမလား?  မဟုတ်ရင် အမှိုက်ကစပြီး ပြဿဒ်မီးလောင်နိုင်တယ်ကွ…"

ဒါပေမယ့်လည်း သေချာစဉ်းစား ကြည့်လိုက်ပြီး နောက်ပိုင်းမှာတော့ ဒီအကြံကို စွန့်လွှတ်လိုက်တယ်လေ… သူဟာ တစ်ယောက်ထဲလား…အဖော်တွေနဲ့လား ဆိုတာမှ မသေချာတာ… မလိုအပ်ပဲ မစွန့်စားတာဟာ အကောင်းဆုံးပါ။
လင်းဖုန်းဟာ ရှောင်ပုတန်လေးရဲ့ခေါင်းကို ခေါက်လိုက်တယ်။ "ဟိတ်… ကောင်စုတ်ကလေး… မင်းဒီကနေ ရှေ့ဆက်ပြီး ဆော့ရဲရင်ဆော့ကြည့်…" ရှောင်ပုတန်လေးဟာ စပ်ဖြဲဖြဲနဲ့ပဲ ခေါင်းကိုကုတ်ကာ ရယ်လိုက်ပါတော့တယ်။

တောင်ကုန်းတွေကို ကျော်လိုက်အပြီးမှာတော့ လွင်ပြင်ကို ရောက်လာခဲ့ပါပြီ… လင်းဖုန်းနဲ့ ရှောင်ပုတန်လေးဟာ နောက်ဆုံးတော့ ဝူကျိုးမြို့ကို ရောက်ရှိကာ လာကြပြီလေ။

ဝူကျိုးမြို့ရဲ့ လမ်းမကြီးတွေ အပေါ်မှာ စည်ကားလှတဲ့ လူအုပ်ကြီးကို ကြည့်ပြီးတော့ လင်းဖုန်းဟာ ပြုံးလိုက်ပါတယ်။ ဒီကမ္ဘာကို ရောက်တာ သုံးလ ပြည့်တော့မယ်… တစ်ချိန်လုံး တောင်တွေကြားထဲကနေကို မထွက်ရသေးဘူး… ဒီလိုမျိုး မြူးမြူးကြွကြွ လေးတွေကို မမြင်ရတာကြာပြီလေ။

သုံးလ… လင်းဖုန်းက ခပ်ဖွဖွပဲ သက်ပြင်းတစ်ချက်ကို ချလိုက်ပါတယ်… မစ်ရှင်ရဲ့အချိန် လေးပုံတစ်ပုံ ကုန်သွားခဲ့ပြီ… သူကလဲ မစ်ရှင်ရဲ့ လေးပုံတစ်ပုံ ကိုပဲ ပြီးသေးတယ်… ရှေ့ဆက်ရမယ့်လမ်းဟာ အရှည်ကြီးပဲလေ။
လင်းဖုန်းကလဲ ကိုယ့်ကိုယ်ကိုယ်ပဲ အားတင်းလိုက်ပါတယ်… ရှောင်မိသားစု ခြံဝန်းကို စုံစမ်းလိုက်ပါပြီ။

ဝူကျိုးမြို့ဟာ မဟာချင် အင်ပါယာကြီးရဲ့ အရှေ့တောင်နယ်စပ်မှာ ရှိနေတာပါ… ဒါပေမယ့်လည်း သူဟာ အရှေ့တောင်ချင်ရဲ့ အဓိက စီးပွားရေးမြို့တော် ဖြစ်လို့နေခဲ့ပါတယ်။
ဒီနေရာဟာ အဆုံးအစ မရှိတဲ့ တောင်တန်းကြီးတွေနဲ့လဲ နီးတယ်လေ… အဖိုးမဖြတ်နိုင်တဲ့ ဆေးပင်တွေ… တိရိစ္ဆာန်သားရေတွေ… တိရိစ္ဆာန်အရိုးတွေနဲ့ တခြား ကုန်ပစ္စည်းပေါင်း များစွာကိုလဲ ဝူကျိုးမြို့မှာ ရောင်းချပါတယ်။ ဒီကနေမှတဆင့် မဟာချင် တစ်နိုင်ငံလုံးကိုလည်း ဖြန့်ဖြူးပေးတယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Onde histórias criam vida. Descubra agora