အပိုင်း ၄၉ : ငါတို့က ယုကလန်ကကွ
လင်းဖုန်းဟာ သူ့ရဲ့ လက်ဝါးအရွယ်ကို ကျုံ့ဝင်သွားခဲ့ပြီဖြစ်တဲ့ မဟူရာ တိမ်တိုက်အလံကို ကလိနေခဲ့ပါတယ်။
ဒါက သူရရှိခဲ့တဲ့ ပထမဦးဆုံးသော ရွှေရောင်ဗဟိုချက်အဆင့် မှော်အိုင်တမ်တစ်ခုပဲ ဖြစ်ပါတယ်။ သူဟာ ငရဲသွေးမြစ်ရဲ့ အစွန်းအထင်းတွေကို ခံခဲ့ရပြီး သူ့ရဲ့ စွမ်းအားတွေဟာ အမြင့်ဆုံးအဆင့်ရဲ့ ၃၀%အောက်ကို ရောက်သွားခဲ့ပြီ ဖြစ်ပေမယ့်… သူကတော့ ထူးခြားဆန်းကျယ်တဲ့ မှော်အိုင်တမ်တစ်ခု ဖြစ်နေဆဲပါပဲ။ အခုလက်ရှိ လင်းဖုန်းမှာ ရှိနေတဲ့ မှော်အိုင်တမ်တွေ အကုန်ထက်ကို ပိုပြီးတော့မှပဲ စွမ်းအားကြီးပါတယ်… မြောက်ပိုင်း အရုဏ်ဦးဓားတောင်မှပဲ သူ့ထက်တော့ အဆင့်တစ်ဆင့် ပိုနိမ့်တယ်လေ။
ဒီမဟူရာ တိမ်တိုက်အလံဟာ တိုက်ခိုက်ခြင်းနဲ့ ခုခံခြင်းတို့ကို တစ်သားထဲ ပေါင်းစည်းနိုင်ပြီး… ခရီးတိုလေး အတွင်းမှာ လေဟာနယ်ကို ရွှေ့ပြောင်းနိုင်ပါတယ်… အလွန်အမင်းကိုပဲ ကောင်းလှတယ်လေ။
ပိုပြီး အရေးကြီးတဲ့ အချက်က… မြောက်ပိုင်းအရုဏ်ဦးဓားနဲ့ ကွဲပြားလှစွာပဲ… ဒီမဟူရာ တိမ်တိုက်အလံဟာ ရွှေရောင် ဗဟိုချက်အဆင့် မှော်အိုင်တမ်ဖြစ်လို့… သူ့ရဲ့အထဲမှာ စိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ဖို့အတွက် မှော်ကျိန်စာ ဝင်္ကပါတွေကလဲ ရှိနေတယ်လေ။ သူ့ကို အသုံးပြုရတာဟာ… မြောက်ပိုင်းအရုဏ်ဦးဓားကို သုံးရတာလောက် မှော်စွမ်းအင် သုံးစွဲမှုတွေ သိပ်မများလှပါဘူး။
ဒါပေမယ့်လည်း အနာဂတ်မှာ ဒီအလံထဲက စွန်းထင်းနေတဲ့ သွေးတွေကို ဘယ်လိုသန့်စင်မလဲ ဆိုတာရယ်… သူ့ရဲ့ နဂိုစွမ်းအင်တွေကို ဘယ်လိုပြန်ပြီး ဖြည့်တင်းပေးရမလဲ ဆိုတာက ပြဿနာကြီးတစ်ခု ဖြစ်လာမှာပါ။
အခုအချိန်မှာ လင်းဖုန်းကို ပျော်ရွှင်စေခဲ့တာကတော့ သူ့ရဲ့စိတ်ထဲမှာ ပေါ်လာတဲ့ စနစ်ကြီးရဲ့ အကြောင်းကြားချက်ပဲ ဖြစ်ပါတော့တယ်… "သင်ဟာ မဟူရာ တိမ်တိုက်အလံကို ရရှိခဲ့ပြီး… အရန်မစ်ရှင်ဖြစ်တဲ့ မဟူရာတိမ်တိုက် မြေအောက်နန်းတော်ကို ပြီးမြောက်ခဲ့ပါပြီ… ဆုလာဘ်အနေနဲ့ ကုန်သွယ်မှုအမှတ် ၅၀၀ ရရှိပါတယ်!"
ŞİMDİ OKUDUĞUN
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Macera✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...