အပိုင်း ၁၅ : နို့တိုက်ဖခင် ဖြစ်ရတာလဲ မလွယ်ပါလား

1.1K 112 1
                                    

ဂန္တဝင်ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၁၅

အပိုင်း ၁၅ : နို့တိုက်ဖခင် ဖြစ်ရတာလဲ မလွယ်ပါလား

လင်းဖုန်းဟာ ကန်ဘေးကနေ ထွက်လာလိုက်ပြီးတော့ ဈေးတစ်ပတ် ပတ်လိုက်ပါတယ်… အရသာရှိတဲ့ သားရဲနို့တွေ အမျိုးပေါင်း စုံနေအောင် ဝယ်ယူလိုက်ပါပြီ။

အခန်းကို ပြန်ရောက်တော့ ရှောင်ပုတန်လေးဟာ တင်ပုလ္လင်ခွေ ထိုင်နေပြီး အသက်ရူ လေ့ကျင့်ခန်းကို လေ့ကျင့်နေတာကို တွေ့လိုက်ရပါတယ်။

ဒီကောင်လေးဟာ မျောက်ရှုံးအောင် ဆော့ပေမယ့် စောစောစီးစီးပဲ ရင့်ကျက်ကာ လာခဲ့ပါပြီ… သူများတွေ အလေလိုက်နေတဲ့ အချိန်မှာ သူဟာ ဖိဖိစီးစီးပဲ လေ့ကျင့်နေခဲ့တယ်လေ။ ကြိုးစားအားထုတ်မှု အပိုင်းမှာလဲ သာမန်လူတွေက မယှဉ်နိုင်ခဲ့ပါဘူး။

လင်းဖုန်းဟာ တိတ်တိတ်ကလေး ကြည့်နေရင်းနဲ့ပဲ ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပါတယ်... ရှောင်ပုတန်လေးရဲ့ အနာဂတ် စီနီယာလောင်းလေးဟာ သူရောက်မလာခင် ကတည်းကပဲ သူလေးကို ဖိအားပေးလို့ နေခဲ့ပြီလေ။
တရားထိုင်နေတဲ့ ရှောင်ပုတန်လေးကို လင်းဖုန်းဟာ ဂရုမစိုက် အားတော့ပါဘူး… ဘေးမှာထိုင်လိုက်ရင်း သူ့ရဲ့အိတ်ထဲက နို့ခွက်ပုံစံမျိုး အလယ်မှာ ချိုင့်နေတဲ့ သလင်းကျောက်လေးကို ထုတ်လိုက်ပါတယ်။

ဒါက လင်းဖုန်းဟာ ကောင်းကင်မိုးကြိုး လမင်းကျောက်စိမ်းကို ထုတ်ယူလို့ အပြီးမှာ ကျန်ခဲ့တဲ့ ကျောက်တုံးအခွံပဲ ဖြစ်တယ်လေ။ သူက ကောင်းကင်မိုးကြိုး လမင်းကျောက်စိမ်းလောက်တော့ တန်ဖိုးမကြီးမားပါဘူး… ဒါပေမယ့်လည်း သူဟာ သဘာဝ ရတနာတစ်ပါးဖြစ်ပြီးတော့ သူ့ရဲ့ဆီမှာက မိုးကြိုးစွမ်းအားတွေ အမြောက်အမြား ရှိပါတယ်။

အစ ပထမမှာတော့ ကျောက်တုံးအခွံဟာ နှစ်ခြမ်းရှိတယ်လေ… တစ်ခြမ်းကိုတော့ ကျောက်ခေတ်ကျေးရွာက ရွာသားတွေနဲ့ ကလေးတွေ လေ့ကျင့်ဖို့အတွက် ရွာမှာပဲ ထားပေးခဲ့ပါတယ်… ကျန်တဲ့တစ်ခြမ်းကိုတော့ ရွာသူကြီးက လင်းဖုန်းကို အတင်းပြန်ပေးခဲ့တယ်လေ။

STORY CONTINUES BELOW
လင်းဖုန်းဟာ ကျောက်တုံးအခွံလေးကနေ အစသေးသေးလေး တစ်ပိုင်းကို ဖဲ့လိုက်ပါပြီ… ဒီအစ သေးသေးလေးဟာ လင်းဖုန်းက ကောင်းကင်ကိုးလွှာ မိုးကြိုးဆင့်ခေါ်ချက်ကို တည်ဆောက်တဲ့အခါမှာ အသုံးပြုလို့ ရပါတယ်။ ဒီကျောက်တုံး အခွံလေးကြောင့်ပဲ လင်းဖုန်းဟာ စနစ်ကြီးဆီကနေပြီးတော့ မိုးကြိုးသလင်းကျောက်တွေ အများကြီးကို ဝယ်စရာမလိုပဲ ကုန်ကျစရိတ်တွေကို ချွေတာနိုင်ခဲ့တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Où les histoires vivent. Découvrez maintenant