အပိုင်း ၄၂ : ခြင်္သေ့သားရဲတွင်းမှသည် ဝံပုလွေသားအောင်းဂူဆီသို့

822 85 0
                                    

အပိုင်း ၄၂ :  ခြင်္သေ့သားရဲတွင်းမှသည် ဝံပုလွေသားအောင်းဂူဆီသို့

သူဟာ ရန်သူတွေနဲ့ တိုက်ပွဲ အကြိတ်အနယ် ဆင်နွဲနေခဲ့ရပေမယ့်… ဝတ်ရုံနက် လူကြီးဟာ ဟိုအခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူ ခုနှစ်ယောက်ကို လုံးဝကိုပဲ လျစ်လျူရှုပြီး ထားလိုက်ပါပြီ။ သူက ဂရုမစိုက်ချင်လို့တော့ မဟုတ်ပါဘူး… ဒါပေမယ့် သူ့ရဲ့ အာရုံတွေကို လေပေါ်က လူကြီးဆီမှာပဲ အကုန်လုံး စိုက်ထားရလို့ပါ။

ဒီလူဟာ မှော်စွမ်းအင် လှုပ်ရှားမှုတွေကို တစ်စက်ကလေးမှတောင် မဖော်ပြခဲ့ပါဘူး… ဒါပေမယ့် အဲ့ဒါကြောင့်ပဲ သူက အမတန်ကိုမှ ကြောက်စရာ ကောင်းနေခဲ့တာပါ။ မင်းတို့ သိထားရမှာက သူဟာ သူ့ရဲ့ ကိုယ်ပိုင်မှော်စွမ်းအင်ကိုသာ အသုံးပြုပြီး လေပေါ်မှာ ကိုယ်ဖော့နေခဲ့တာလေ… သူ့ရဲ့ ခြေထောက်အောက်မှာကတော့ အဆုံးမရှိတဲ့ အသူရာချောက်ကြီးပါ။

သူဟာ သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ပါတယ်… သူဟာ အသားဖြူဖြူ.. ဝဝဖိုင့်ဖိုင့်နဲ့ဖြစ်ပြီး သူပြုံးလိုက်ရင် အမတန်ကိုမှပဲ သဘောကောင်းတဲ့ လူဝကြီးတစ်ယောက်နဲ့ တူတယ်လေ။ သူက ဇူရီလေးကို ပြဿနာ သွားရှာခဲ့တဲ့ ဖက်တီးဇူထက်တောင် ပိုပြီးတော့မှပဲ ဝပါသေးတယ်။ ဒီလူပေါ်လာပြီး နောက်မှာတော့… ရွှမ်ကျိအမတ် ဂေဟာက အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူ ခုနှစ်ယောက်တို့ဟာ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ကြပါတော့တယ်။

ဝတ်ရုံနက် လူကြီးဟာ အခုအချိန်အထိ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်ပြီး ဘာကိုမှ ဂမူးရှူးထိုး မပြုလုပ်ရဲခဲ့ပါဘူး။

သက်လတ်ပိုင်း လူဝကြီးဟာ လူအုပ်ထဲက ဇူရီလေးကို ပြုံးပြီးတော့ ကြည့်လိုက်ကာ နူးညံ့စွာနဲ့ပဲ ပြောလိုက်ပါတယ်… "ကဲ… သခင်လေးရီ… သခင်လေးကို အိမ်ပြန်ခေါ်ဖို့ ကျွန်တော်ရောက်လာပါပြီ…"

သူ့ကိုလာကယ်တဲ့ သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်ပြီး… ဇူရီရဲ့ အမူအယာဟာ ဝတ်ရုံနက်လူကြီး တို့တတွေထက်တောင် ပိုပြီးတော့မှပဲ ပျက်လို့နေခဲ့ပါသေးတယ်။ သူ့ရဲ့ လက်သီးတွေကိုလည်း တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီးတော့ ဘာမှကို ပြန်မပြောခဲ့ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now