အပိုင်း ၉၂ : ကျောက်ပုလွေလေးရဲ့ လျှို့ဝှက်နေရာ

661 84 0
                                    

အပိုင်း ၉၂ : ကျောက်ပုလွေလေးရဲ့ လျှို့ဝှက်နေရာ

လင်းဖုန်းကလည်း ခန်းနန်ဟွာကို အတော်ကြာအောင် တိတ်တိတ်ကလေးပဲ ကြည့်နေခဲ့ပြီး… နောက်ဆုံးမှာတော့ သူ့ရဲ့ပါးစပ်ကို ဟလိုက်ကာ… "အင်း… ကျုပ်မှာကလည်း ခင်ဗျားရဲ့ ဒဏ်ရာကို ကုစားနိုင်မည့် နည်းလမ်းလေးတော့ ရှိနေတယ်ဗျ… ဒါပေမဲ့လည်း ကျုပ်ကတော့ ခင်ဗျားက အပြည့်အဝ ပြန်ကောင်းလာနိုင်မလား ဆိုတာကတော့ အာမမခံနိုင်ဘူးဗျ…" စကားပြောနေရင်းနဲ့ပဲ… လင်းဖုန်းဟာ ကျောက်ပုလွေလေးကို ထုတ်ယူလိုက်ပါတယ်။

ကျောက်ပုလွေလေးကနေ အားနည်းတဲ့ မှော်စွမ်းအင် လှုပ်ရှားမှု တစ်ခုကလည်း… ထပ်ဖန်တစ်ခါ ပေါ်ထွက်ကာ လာခဲ့ပါပြီ။ သူဟာ သန့်စင်ပြီး တည်ငြိမ်နေခဲ့ကာ သူ့ရဲ့ မူလသဘာဝကို ခွဲခြားသိမြင်ဖို့ မလွယ်ကူခဲ့ပါဘူး။

ခန်းနန်ဟွာဟာ ဒီမှော်စွမ်းအင် လှုပ်ရှားမှုနဲ့ ထိတွေ့ခဲ့ရပြီး… သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံးဟာ အလွန်ကိုပဲ သက်တောင့်သက်သာ ဖြစ်သွားရသလိုပဲ ခံစားခဲ့ရတယ်လေ… သူ့ရဲ့ ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့တဲ့ မျက်နှာတောင်မှပဲ အနည်းငယ် သွေးရောင်သန်းလာခဲ့ပါပြီ။

"ဟာ… ခင်ဗျားက ဒါကို နဂါးငွေ့တန်း သဲမှုန်အတွက် လုပ်နေတာလား?" ခန်းနန်ဟွာက သူ့ရဲ့ မျက်မှောင်ကြီးကို ကြုတ်လိုက်ပြီး… "ဟင်း… ဒါပေမဲ့ ကျုပ်မှာကလည်း ဒီနဂါးငွေ့တန်း သဲမှုန်ကို အသုံးပြုရမယ့် ကိစ္စကြီးကြီး ရှိနေတယ်ဗျ… တကယ်ကိုပဲ ခင်ဗျားကို တစ်ကုဗမီတာတော့ ခွဲပြီးတော့ မပေးနိုင်ဘူးနော်…"

လင်းဖုန်းကလည်း တိတ်တိတ်ကလေးပဲ ခန်းနန်ဟွာဟာ ဘာဖြစ်လို့ ဒီနဂါးငွေ့တန်း သဲမှုန်ကို ဒီလောက်အထိ တန်ဖိုးထားနေရသလည်း ဆိုတာကို တွေးနေခဲ့ပါတယ်။

"ဟဲဟဲ… နဂါးငွေ့တန်း သဲမှုန်အကြောင်းကို ခေါင်းထဲထည့်မထားပါနဲ့ဗျာ…" လင်းဖုန်းကလည်း သူ့ရဲ့ခေါင်းကို ခါလိုက်ရင်း… "အင်း… ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့… ကျုပ်က ခင်ဗျားကို ပေးချင်လို့ ပေးတာပဲပေါ့။ ဘာအကြောင်း.. ညာအကြောင်းရယ်လို့ မရှိပါဘူး… ခင်ဗျားကလည်း သိပ်ပြီးတော့ အတွေးလွန်မနေစမ်းပါနဲ့…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Où les histoires vivent. Découvrez maintenant