အပိုင်း ၇ : အလင်းဓားမြန် Vs မက်မွန်ပန်းပွင့်

1.2K 132 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၇

အပိုင်း ၇ : အလင်းဓားမြန် Vs  မက်မွန်ပန်းပွင့်

လင်းဖုန်းဟာ မုယုံယန်ရန်နဲ့ အခြားနှစ်ယောက်ကို ခေါ်လာပြီး ကျောက်တုံးကျေးရွာရဲ့ အပြင်ဘက်ကို ရောက်ရှိကာ လာခဲ့ပါပြီ… စစ်မြေပြင်ဟာ သန့်ရှင်းရေးတွေ မလုပ်ရသေးပါဘူး… မြေပြင်ပေါ်မှာ ခြောက်ကပ်နေတဲ့ အလောင်းကောင်တွေဟာ ပြန့်ကျဲနေပြီး ကမ္ဘာပေါ်က ငရဲသဖွယ် ဖြစ်နေခဲ့ပါတယ်။

ဒီလိုမျိုး အနိဋ္ဌာရုံ မြင်ကွင်းတွေကို ကြည့်ပြီးတော့ အော့အန်နေတာ မုယုံယန်ရန် တစ်ယောက်ထဲ မဟုတ်ပါဘူး… ရဲ့ကော်နဲ့ ဝတ်ရုံဖြူ လူငယ်တို့ဟာလည်း မျက်မှောင်ကြီးတွေ အကြီးကြီး ကုတ်ပြီးတော့ ပျို့တက်ကာ လာကြပါပြီ။

ရွာပေါက်ဝက မည်းတူးသွေ့ခြောက်နေတဲ့ မက်မွန်ပင်အိုကြီးရဲ့ ပင်စည်နဲ့ မျက်စိထဲကို ဝင်လာတဲ့ နှစ်လိုဖွယ်ရာ ဆွဲဆောင်မှုရှိတဲ့ မက်မွန်ပန်းပွင့်တို့ရဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတဲ့ မတူညီတဲ့ ကွဲပြားခြားနားချက်တွေဟာ ကြည့်နေရတဲ့ လူတွေရဲ့ စိတ်ကို မသက်မသာ ဖြစ်စေခဲ့ပါတယ်။

ဒီငရဲပြည်လိုမျိုး ပတ်ဝန်းကျင်မှာ… ဒီမက်မွန် ပန်းပွင့်တွေဟာ ပိုပြီးတော့ သန်စွမ်းလေလေ… ကြည့်ရတာပိုပြီး အံ့ဩထိတ်လန့် ချောက်ချားဖွယ်ရာ ဖြစ်လေလေပါပဲ။

လင်းဖုန်းဟာ စကားစမယ် ကြံရုံပဲ ရှိသေးတယ်… ကျောက်ခေတ်ကျေးရွာရဲ့ အထဲကနေ ချက်ချင်းဆိုသလိုပဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ လူကြီးတွေရဲ့ ကျိန်ဆဲသံတွေဟာ ကလေးတွေရဲ့ ငိုကြွေးသံတွေနဲ့ ရောယှက်လို့ သွားခဲ့ပြီလေ… လူတိုင်းဟာ အရပ်မျက်နှာ ပေါင်းစုံကနေ ရွာအပြင်ဘက်ကို ပြေးထွက်ကာ လာခဲ့ကြပါပြီ။

လင်းဖုန်းဟာ သူ့ရဲ့မျက်လုံးတွေနဲ့ အာရုံစိုက်ပြီးတော့ ကြည့်လိုက်ပါတယ်… ရွာအထဲကနေ… နီရဲတောက်ပနေတဲ့ မက်မွန်ပန်းပွင့် ပန်းချပ်တွေဟာ လေထဲမှာ ပျံဝဲနေပြီး… ရွာသူရွာသားတွေရဲ့ အနောက်ကို လိုက်ဖမ်းလို့ နေခဲ့တယ်လေ။

ဒီပန်းဝတ်လွှာတွေ အကပ်ခံလိုက်ရတဲ့ သူတွေဟာ… ချက်ချင်းပဲ သူတို့ရဲ့ အသက်စွမ်းအင်တွေကို ခြောက်ကပ်အောင် အစုပ်ယူ ခံလိုက်ကြရပြီး… အလောင်းကောင်ခြောက်တွေ အဖြစ်ကို အသွင်ပြောင်းကာ သွားကြပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Où les histoires vivent. Découvrez maintenant