အပိုင်း ၃၉ : ဗုဒ္ဓဓမ္မလက်နက်... မိုးကြိုးလျှပ်စီးတောင်ဝှေး

931 92 1
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၃ : အပိုင်း ၉

အပိုင်း ၃၉ : ဗုဒ္ဓဓမ္မလက်နက်… မိုးကြိုးလျှပ်စီးတောင်ဝှေး

မစ္စတာလင်းတကို ဖမ်းဆီးပြီးနောက်မှာတော့ လင်းဖုန်းဟာ အနည်းငယ် စိတ်အေးသွားခဲ့ပါပြီ။ ဝတ်ရုံနက် ဓားသမားနဲ့ ဝတ်ရုံဖြူ သက်လတ်ပိုင်း လူကြီးကိုတော့ သူဟာ စိတ်မကောင်းပါဘူးလို့သာ ပြောနိုင်ပါတော့တယ်။

အခုအချိန်မှာတော့ သူ့ရဲ့စိတ်ကို သူ့ရဲ့လက်ထဲက ငရုတ်ကျည်ပွေ့နဲ့ စူးချွန်တို့ကို ပေါင်းထားတဲ့ပုံနဲ့တူတဲ့  ဗုဒ္ဓမှော်အိုင်တမ် အပေါ်မှာ နစ်မြှုပ်ထားလိုက်ပါပြီ။

ကုန်သွယ်မှု စနစ်ကြီးရဲ့ အထဲမှာ ရှာဖွေလိုက်ပြီး နောက်မှာတော့… လင်းဖုန်းက ဒီမှော်အိုင်တမ်ဟာ ဗုဒ္ဓဝါဒရဲ့  ဒဏ္ဍာရီလာ ဗုဒ္ဓဓမ္မလက်နက် ၁၀ပါးထဲမှာ တစ်ပါး အပါအဝင်ဖြစ်တဲ့… မိုးကြိုးလျှပ်စီးတောင်ဝှေး ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လေ!

ဗုဒ္ဓဝါဒရဲ့ မဟာဗုဒ္ဓဓမ္မ လက်နက်ဆယ်ပါး အားလုံးတို့ဟာ စွမ်းအားကြီးမားတဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ရတနာတွေ ဖြစ်ကြပါတယ်။ ဒီဗုဒ္ဓလက်နက် ဆယ်မျိုးကို တစ်ခုထဲစုပေါင်းပြီးတော့ "အနန္တ အသင်္ချေကမ္ဘာ"လို့ ခေါ်ကြပြီး… သူဟာ မဟာမိုးကြိုး ကျောင်းတော်ရဲ့ သရဖူရတနာ တစ်ပါးလဲ ဖြစ်တယ်လေ။

တကယ့် ဗုဒ္ဓဓမ္မလက်နက် အစစ်တွေဟာ ထိပ်တန်းအဆင့် မှော်ရတနာတွေ ဖြစ်ကြပါတယ်… သူတို့ဟာ ကမ္ဘာဦးဝိညာဉ် အဆင့်က ကျင့်ကြံသူတွေကသာ ဖန်တီးနိုင်ကြတဲ့ ရတနာတွေ ဖြစ်ကြတာပါ။

ဒါပေမယ့်လည်း ဗုဒ္ဓလက်နက်တွေကို ဖန်တီးနိုင်တဲ့ နည်းလမ်းတွေဟာ မဟာမိုးကြိုး ကျောင်းတော်ကြီးရဲ့ အတွင်းမှာက ပျံ့နှံ့လို့ နေခဲ့တယ်လေ… အဆင့်ပေါင်းစုံက ဘုန်းကြီးတွေဟာ သူတို့ကို ထုလုပ်နိုင်ကြပါတယ်… ကမ္ဘာဦးဝိညာဉ် အဆင့်အောက်က ကျင့်ကြံသူတွေ ပြုလုပ်တဲ့ လက်နက်တွေဟာ မှော်အိုင်တမ်တွေသာ ဖြစ်ကြပြီး… သူတို့ကို အချိုးကျပုံစံငယ် အဖြစ်နဲ့သာ သတ်မှတ်နိုင်မှာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now