အပိုင်း ၅၁ : လူများစုနှင့် အနိုင်ကျင့်ခြင်း

752 88 0
                                    

အပိုင်း ၅၁ : လူများစုနှင့် အနိုင်ကျင့်ခြင်း

လင်းဖုန်းက လက်လေးတစ်ချက် ဝေ့ယမ်းလိုက်တာနဲ့ပဲ… ရွှေရောင်အလင်းတန်းတွေဟာ လင်းလက်သွားပြီးတော့ ဥမင်လှိုဏ်ခေါင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

အကုန်လုံးကလဲ မှင်သက်သွားကြပြီး… သူတို့ရဲ့ နှာခေါင်းဝတွေမှာလဲ စန္ဒကူးရနံ့ သင်းသင်းလေးကို ရှူရှိုက်လိုက်ရပါပြီ။ သူ့တို့ရဲ့ မြင်ကွင်းတွေထဲမှာလဲ စူးရှတောက်ပလှတဲ့ ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်နေခဲ့ပြီး… သူတို့တတွေရဲ့ နားအတွင်းမှာလဲ အဝေးက မိုးကုပ်စက်ဝိုင်းဆီကနေ လွင့်ပျံလာသလို ထင်ရပေမယ့်လဲ… သူတို့ရဲ့ အနက်ရှိုင်းဆုံး ရင်ဘတ်ကြီး ထဲကနေလဲ ပျံတက်လာသလိုမျိုး… ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်သံတွေကို ကြားနေခဲ့ရပြီလေ။

ဒီဗုဒ္ဓကျမ်းစာ ရွတ်ဖတ်သံတွေနဲ့အတူ ပေါ်လာတာကတော့ လင်းဖုန်းရဲ့ တည်ငြိမ်တဲ့ အသံပဲ ဖြစ်ပါတော့တယ်… "အင်း… ဇူဟုန်ဝူဟာ ဇူရီရဲ့ သွေးရင်းသားရင်းတော့ ဖြစ်တယ်… ဒါပေမယ့် သူက သူ့ရဲ့သားကို သွန်သင်ဆုံးမရမယ့် တာဝန်ကို တစ်ရက်မှ မလုပ်ဆောင်ခဲ့ဘူး။ သူက ကျင့်ဝတ်ထုံးစံတွေ.. စည်းမျဉ်းစည်းကမ်းတွေနဲ့ပဲ သူ့ရဲ့ စိတ်နဲ့ကိုယ်ကို ချုပ်နှောင်ထားခဲ့တယ်… သူ့ရဲ့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒတွေကိုပဲ ပြည့်ဝစေခဲ့ပြီး… ထိန်းချုပ်နှောင်ဖွဲ့ ထားချင်ခဲ့တာပဲ။ သူဟာ ဖခင်တစ်ယောက် အနေနဲ့ရော.. ခင်ပွန်းတစ်ယောက် အနေနဲ့ပါ… ဇူရီလေးရဲ့ သူလျှောက်ချင်တဲ့ လမ်းကို ရွေးချယ်ရာမှာ ဝင်ရောက်ပြီးတော့ စွက်ဖက်နိုင်ဖို့ အခွင့်အရေး မရှိဘူး။

"ပြီးတော့ ဇူရီလေးဟာ ငါ့မိတ်ဆွေဟောင်းရဲ့ သားဖြစ်တယ်… သူလေးက ငါ့ကို ဆရာတော်တော် မတော်တော်… ငါကတော့ သူတပါးတွေက သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် ပေးနေတာကို ဘေးကနေ ထိုင်ပြီးမှ လက်ပိုက်ကြည့်ပြီးတော့ မနေနိုင်ဘူးဟ…"

"ဒီကလေးရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ကိုယ်ကိုယ်တိုင်သာ ရွေးချယ်ရမှာဖြစ်ပြီး… သူကိုယ်တိုင်ကပဲ တာဝန်ခံရမှာ ဖြစ်တယ်ကွ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now