အပိုင်း ၇၅ : အကုန်လုံးကို ရိုက်နှက်ခြင်း

771 81 0
                                    

အပိုင်း ၇၅ : အကုန်လုံးကို ရိုက်နှက်ခြင်း

"လာခဲ့… သေစမ်း!"

လင်းဖုန်းက သူ့ရဲ့ပါးစပ်ကို ဟပြီးတော့မှ ပြောလိုက်ပါပြီ… သူ့ရဲ့လေသံကလည်း တည်ငြိမ်ပြီးတော့ ဥပေက္ခာ အပြည့်နဲ့ပါ။

ယုထျန်းက မျက်နှာကြီး နီရဲသွားတာကို မပြောနဲ့… ထောင်အော့နဲ့ အကြီးအကဲယွဲ့ တို့တောင်မှပဲ သူတို့ရဲ့ နဖူးတွေကို ရှုံ့လိုက်ကြပါပြီ။

သူတို့ဟာ လင်းဖုန်းရဲ့ ကျင့်ကြံမှုအဆင့် အတိမ်အနက်ကို ထိုးဖောက်ပြီးမှ မမြင်နိုင်ခဲ့ကြပါဘူး… ဒါပေမဲ့လည်း ဒီလိုမျိုး သူတို့ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး လင်းဖုန်းရဲ့ ကျိန်ဆဲခြင်းကို ခံလိုက်ရတော့…  သူတို့နှစ်ယောက်စလုံးဟာ ဒေါသချောင်းချောင်း ထွက်လာခဲ့ပါတယ်။

အကြီးအကဲယွဲ့က အေးစက်စက်နဲ့ နှာမှုတ်လိုက်ပြီး… "ကဲ… အရေးမပါတဲ့ လှည့်ကွက်တွေပါ… မင်းက ဘာများတတ်နိုင်မလည်း ဆိုတာကို ကြည့်ရသေးတာပေါ့…"

စကားဆုံးတာနဲ့… သူဟာ သူ့ရဲ့ညာလက်ကို ဝေ့ယမ်းလိုက်တာနဲ့ ရှောင်ယန်ကို နင်းခြေနေခဲ့တဲ့ မြင့်မြတ်တဲ့ အနက်ရောင် ကျောက်တုံးတောင်ကြီးဟာ လေပေါ်ကို လွင့်ပျံလာခဲ့ကာ… ဧရာမတောင်ကြီး တစ်လုံးအဖြစ်ကို ပြောင်းသွားခဲ့ပြီး လင်းဖုန်းရှိရာဆီကို ဖိချလိုက်ခဲ့ပါပြီ။

လင်းဖုန်းရဲ့ ဦးခေါင်းပေါ်က ကောင်းကင်ရဲ့ အလင်းရောင်ဟာ ရုတ်ချည်းပဲ မှောင်မည်းကာ လာခဲ့ပြီလေ။

"ဟွန့်… မင်းက ငါနဲ့တိုက်ခိုက်ဖို့ မထိုက်တန်သေးဘူးကွ…" လင်းဖုန်းဟာ သူ့ရဲ့ခေါင်းပေါ်က တောင်ကြီးကို ယောင်လို့တောင်မှ မကြည့်ခဲ့ပါဘူး။ အေးစက်စွာနဲ့ပဲ ပြောလိုက်ပါတယ်… "မင်းနဲ့ အဆင့်တူတဲ့ ပြိုင်ဘက်ကို ရှာပေးရတာပေါ့ကွာ…"

သူ့ရဲ့ စကားသံ မပျောက်သွားခင်မှာပဲ… လင်းဖုန်းရဲ့ အရှေ့မှာ ကြီးမားတဲ့ အနက်ရောင် ပုံသဏ္ဌာန် တစ်ခုဟာ ရုတ်တရက်ပဲ ပေါ်ပေါက်ကာ လာခဲ့ပါပြီ။

အကြီးအကဲယွဲ့က ခဏကြာအောင် မှင်သက်သွားခဲ့ပြီး… ဒီအနက်ရောင် ပုံသဏ္ဌာန်ဟာ လူတစ်ယောက်ရဲ့ ပုံစံနဲ့ တူနေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ တစ်ကိုယ်လုံးကို လေးလံတဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ ဖုံးအုပ်ထားခဲ့တယ်လေ။ ဒီချပ်ဝတ်တန်ဆာရဲ့ ဟနေတဲ့ နေရာတွေကနေ… အနီရောင် အလင်းတန်းတွေဟာ ဖျော့ဖျော့လေး လက်ကနဲ ဖြစ်နေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Donde viven las historias. Descúbrelo ahora