ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၂ : အပိုင်း ၃
အပိုင်း ၂၃ : ကောင်ကလေး... မင်းကရှုပ်လို့ ဝပြီလား?
အစကနေ အဆုံးအထိ လင်းဖုန်းရဲ့ မျက်နှာပေါ်က အမူအယာတွေဟာ ဘာတစ်ခုမှ မပြောင်းလဲခဲ့ပါဘူး... တည်ငြိမ်စွာနဲ့ပဲ သူ့ရဲ့အရှေ့က မီးလျှံဓားဂိုဏ်း အုပ်စုကို သာမန်သာ ကြည့်နေခဲ့တာပါ။
ခဏနေတုန်းက... သူဟာ အကြီးအကဲလီရဲ့ မဟာတိုက်စစ်ကြောင့် ကြက်မှိုင်မှိုင်နေခဲ့တာလို့ အများက ထင်နေကြတာပါ။
ဒါပေမယ့်လည်း... အခုတော့ အကြီးအကဲလီရဲ့ ကြောက်လန့်ဖွယ် ဥက္ကာပျံ မီးခဲဓားဟာ ဘာမှမရှိခြင်း အဖြစ်ကို အရည်ပျော်သွားတော့... အားလုံးရဲ့ အမူအရာတွေဟာလည်း ပြောင်းလဲလို့ သွားခဲ့ပြီလေ။
အကြီးအကဲလီရဲ့ ကြက်သွေးရောင် ဆံပင်တွေဟာ လေထဲမှာ လွင့်လို့နေခဲ့ပါပြီ... သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး သူဟာ ရှောင်ပုတန်လေးကို သူ့ရဲ့ အနောက်ကလူကို ပစ်ပေးလိုက်ပါတယ်... ပြီးတာနဲ့ တိတ်ဆိတ်စွာနဲ့ပဲ လင်းဖုန်းဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လှမ်းပြီးတော့ လာခဲ့ပြီလေ။
သူ့ရဲ့လက်ကို လှန်လိုက်တော့... အဆုံးအစမဲ့ မီးလျှံတွေဟာ ဆံနီအဘိုးအိုရဲ့ လက်ဖဝါးကနေ လွင့်ပျံကာ လာခဲ့ပါတယ်။ အချိန်ခဏလေး အတွင်းမှာပဲ မီးလျှံတွေဟာ သိပ်သည်းသွားပြီး... သူ့ရဲ့လက်ထဲမှာ အနီရောင်ရင့်ရင့် အလင်းရောင် ဓားအဖြစ် ပြောင်းလဲကာ သွားခဲ့ပါပြီ။
ဒီအလင်းရောင်ဓားဟာ ကြည့်ရတာ သာမန်လို့ပဲ ထင်ရတယ်... အရောင်ခပ်မှိန်မှိန်နဲ့ အလင်းတန်း တစ်ခုသာ ဒီဓားရဲ့ ဓားသွားအပေါ်မှာ လှည့်နေခဲ့တယ်လေ။
ဒါပေမယ့်လည်း ဒီအလင်းရောင်ဓားက လင်းဖုန်းကိုပေးတဲ့ ဖိအားဟာ ဒီ့အရင်က မြင့်မားလှတဲ့ အော်ရာတွေရှိတဲ့ ဥက္ကာပျံ မီးခဲဓားထက်တောင် ပိုပြီးတော့မှ ကြီးမားနေခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ ဒီငနဲအိုကြီးဟာ သူ့ရဲ့ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလာခဲ့လို့ပါ... သူ့ရဲ့ စွမ်းအားမြင့် မှော်စွမ်းအင်တွေဟာ ဒီအလင်းရောင်ဓား အပေါ်မှာ စုစည်းလို့ နေခဲ့ပါပြီ... သူ့ရဲ့ စွမ်းအားတွေကလဲ အစွမ်းကုန် သိပ်သည်းလို့ သွားခဲ့ပြီလေ။ ဒီမီးလျှံ မှော်စွမ်းအင်တွေဟာ တစ်စက်ကလေးကိုမှ ယိုစိမ့်ခြင်း မရှိခဲ့ပါဘူး... ဒီ့အပြင် ပတ်ဝန်းကျင် လေထုထဲက အပူဓာတ်တွေကိုတောင် စုပ်ယူလို့ နေခဲ့သေးတယ်လေ။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...