အပိုင်း ၁၁၂ : ဇူရီ၏ တာအိုနှလုံးသား

754 73 0
                                    

အပိုင်း ၁၁၂ : ဇူရီ၏ တာအိုနှလုံးသား

"ကဲ… ငါက မင်းကို အခွင့်အရေးတွေ ပေးထားပြီးခဲ့ပြီဆိုတော့… အနိုင်ရမယ့်သူကို ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီကွ…" ရှောင်ယန်က သူ့ရဲ့ မှော်စွမ်းအင်ကို အစွမ်းကို မြင့်တင်လိုက်ပြီး… ဇူရီကို မျက်စိနဲ့ မမြင်နိုင်လောက်တဲ့ အရှိန်နဲ့ ခုန်ဝင်လာခဲ့ပါပြီ။ အရေအတွက်သုံးခု အင်းရှစ်ကွက် ဖြိုခွဲခြင်းရဲ့ ကြီးမားလှတဲ့ စွမ်းအင်တွေဟာ တုန်ခါသွားခဲ့ပြီး… ဘေးပတ်ပတ်လည်က လေဟာနယ်ကြီးဟာ တုန်လှုပ်သွားခဲ့ကာ ပြိုကျတော့ မလိုမျိုး ဖြစ်နေခဲ့ပါပြီ။

ဇူရီက သူ့ရဲ့ မျက်ခုံးအစုံကို ပင့်လိုက်ပြီး… ရှောင်ယန်ရဲ့ ကြမ်းတမ်းလှတဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက် ဖြိုခွဲခြင်းကို ရင်ဆိုင်လိုက်ကာ… ရယ်ရမ်းသွေးလိုက်ပြီး… "ရေအိုင်ထဲက မီးတောက်မီးလျှံတွေ ပြောင်းလဲစမ်း! ကောင်းကင်ကို စိုးမိုးတဲ့ လူကြီးလူကောင်းဟာ ရှေးကျတဲ့ ပြက္ခဒိန်ကို လေ့လာရမယ်! ဓားကို ဓားအိမ်ထဲ ပြန်သွင်းစမ်း!"
ဇူရီဟာ သူ့ရဲ့ဓားကို စွန့်ပယ်လိုက်ပြီး… လက်ညှိုးနဲ့ လက်ခလယ် နှစ်ချောင်းတို့ကို စုပေါင်းလိုက်ကာ ဆန့်ထုတ်လိုက်ပါတယ်။ သူ့ရဲ့ လက်ထိပ်ဖျားတွေကနေ ဓားချီဓာတ်တွေဟာ ထိုးထွက်လာခဲ့ပြီး… မျက်စိတစ်မှိတ် အတွင်းမှာပဲ မီတာတစ်ရာကျော် ရှည်ထွက်လာခဲ့ပါပြီ။ ဒီဓားချီတွေဟာ ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန်လှန်ချင်နေခဲ့ပြီး… အခြေအနေတွေနဲ့ လူသားတို့ရဲ့ အကြောင်းကံကို ပြောင်းလဲစေခဲ့ကာ… မိုးကောင်းကင်ရဲ့ အမိန့်အာဏာကိုပါ တော်လှန်နေချင်ခဲ့တာပါ။
ဒီအကွက်ဟာ "ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ လေပြင်းမိုးကြိုး"နဲ့ ရှောင်ပုတန်လေးကို အနိုင်ယူခဲ့တဲ့ "မီးတောက်ထွန်းညှိခြင်း" နည်းစနစ်ထက်ကို ပိုပြီးမှ ပြင်းထန်နေခဲ့ပါတယ်။ ဒါကတော့ ဇူရီက အပေါ်ယံ ဓားလမ်းစဉ်ကနေ ဖော်ထုတ်နိုင်ခဲ့တဲ့ အကွက်တွေထဲမှာ စွမ်းအားအကြီးဆုံးနဲ့ အပြင်းထန်ဆုံး နည်းစနစ်ဖြစ်တဲ့ "တစ်ယောက်ရဲ့ဓားကို ပြန်သိမ်းခြင်း"ပဲ ဖြစ်ပါတော့တယ်!

မြူခိုးမြူငွေ့တွေနဲ့ အဖြူရောင် ဓားချီဟာ စုစည်းထားတဲ့ စွမ်းအားတွေနဲ့ လင်းလက်စွာ တောက်ပနေခဲ့တယ်လေ။ သူဟာ ကောင်းကင်အောက်က အရာအားလုံးရဲ့ ဖန်ဆင်းခြင်းကို ကိုယ်စားပြုနေရုံတင် မကပဲ… ပြိုင်ဘက်ကင်းတဲ့ မော်တယ်နည်းစနစ်ကိုလည်း ကိုယ်စားပြုနေခဲ့ပါတယ်!
ရှောင်ယန်ရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက် ဖြိုခွဲခြင်းတောင်မှပဲ ဒီအကွက်ကို ချက်ချင်း မကျော်လွှားနိုင်ခဲ့ပဲ… နှိန်နင်းရာမှာ အစပိုင်း မအောင်မမြင်ဖြစ်ခဲ့ပြီး… အတားအဆီးမဲ့စွာနဲ့ ဓားချီဓာတ်တွေဟာ ရှောင်ယန်ဆီကို တိုက်ရိုက်ခုတ်ချလာခဲ့ပါပြီ။ "ကဲ… ဒါကတော့ အစ်ကိုကြီးရဲ့ ကျရှုံးမှုရဲ့ အစပဲ… အစ်ကိုကြီး အရှုံးပေးလိုက်ပါတော့!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Où les histoires vivent. Découvrez maintenant