အပိုင်း ၆၀ : သူ့ကိုမျက်စိကျနေတာ တစ်ယောက်မကဘူးဟ
အနက်ရောင် တိမ်တိုက်တွေဟာ ဟန်တောင်အပေါ်မှာ စုစည်းနေကြပြီး… မည်းနက်နေတဲ့ တောင်လေးတစ်လုံးဟာ လေထဲမှာ ရုတ်ချည်းပေါ်လာခဲ့ပါတယ်။ သူဟာ လေပြင်းတွေနဲ့အတူ ကြီးမားလာခဲ့ပြီး… မြင့်မားတဲ့ တောင်ထိပ်ကြီးအဖြစ် ရုတ်တရက်ပဲ ပြောင်းလဲသွားခဲ့တယ်လေ။
မာစတာဖူပေရဲ့ မှော်ကျိန်စာ သင်္ကေတကို လိုက်ပြီးတော့… ဒီဧရာမ တောင်ကြီးဟာ ချက်ချင်းပဲ အောက်ကို ရိုက်ချလိုက်ပါပြီ။ ဟန်တောင်ရဲ့ အပေါ်မှာလဲ ခွက်ကြီးတစ်လုံးကို မှောက်ပြီးတော့ အုပ်ထားတဲ့အတိုင်းပဲ အလင်းရောင် အကာအကွယ်တစ်ခုဟာ ပေါ်ပေါက်လာခဲ့ပြီး… ဒီဧရာမတောင်ကြီးရဲ့ အကွက်ချ တိုက်ခိုက်မှုကို ခံနိုင်အောင် ကာကွယ်ခဲ့လိုက်ပြီလေ။
ဒါပေမဲ့လဲ မာစတာဖူပေရဲ့ အဆက်မပြတ် အားပေးဖိနှိပ်မှုတွေကြောင့်… အဆင့်တူတဲ့ အခြေတည်ဝိညာဉ် အဆင့်က ဘိုးဘေးဘီဘင်တို့ရဲ့ ကာကွယ်မှုကို မရတဲ့ ဟန်တောင်ကျောင်းတော်က အကာအကွယ် ဝင်္ကပါခံတပ်ဟာ တဖြေးဖြေးနဲ့ အားနည်းကာ လာခဲ့ပါပြီ။ သူဟာတုန်ခါနေပြီး ကျိုးပေါက်တော့မယ့် ပုံစံမျိုး ဖြစ်နေခဲ့ပြီလေ။
လင်းဖုန်းကတော့ တောင်အောက်ကို ပြန်ရောက်နေခဲ့ပြီး ဖြစ်ပါတယ်… ဒီလိုမျိုး အံ့အားသင့်ဖွယ် ကောင်းလှတဲ့ မြင်ကွင်းကိုကြည့်လိုက်ပြီး သူ့ရဲ့မျက်နှာဟာ အတန်ငယ် ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့ပါပြီ… "အင်း… အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူတွေဟာ တကယ်ကိုပဲ အင်အားကြီးလှပါပေတယ်။ အဆင့်ကွာခြားချက်က ကြီးမားလွန်းတော့… ဘယ်လိုပဲ အကွက်ချချ အားလုံးအလကားပါပဲ…"
သူက ဟန်တောင်ရဲ့ အကာအကွယ် ဝင်္ကပါကို တစ်ချက်ကြည့်လိုက်ပြီး… ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ခံစားလိုက်ရတယ်လေ… "ဒီဝင်္ကပါဟာ အလွန်ကိုပဲ ပြောင်မြောက်လှပါပေတယ်… အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကို အချိန်အကြာကြီး ခုခံနိုင်တယ်ဟ။ တကယ်လို့များ ငါကဝမ်လင်းကို သွားဖမ်းမယ်ဆိုရင် အထဲကို ဘယ်လိုမှ ဝင်လို့ရမှာမဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် "ဖမ်း"မယ်လို့ ပြောမယ့်အစား… "ခိုး"တယ်ဆိုပြီး ပြောရရင် ပိုပြီးတော့ သင့်တော်မယ် ထင်ပါတယ်…"
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...