အပိုင်း ၃၇ : ကလေးနှစ်ယောက်က မြွေတစ်ကောင်ကို သတ်ခြင်း

984 84 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၃ : အပိုင်း ၇

အပိုင်း ၃၇ : ကလေးနှစ်ယောက်က မြွေတစ်ကောင်ကို သတ်ခြင်း

ဟွေကုဟာ ရှောင်ယန်လေးကို လိုက်ဖမ်းဖို့အတွက် ဧရာမရွှေရောင် စပါးအုံးမြွေကြီး တစ်ကောင်ကိုသာ လွှတ်လိုက်ပြီး သူကိုယ်တိုင်ကတော့ ဒီဗုဒ္ဓ အလင်းရောင် ဝင်္ကပါရဲ့ အတွင်းမှာပဲ နေနေခဲ့တယ်လေ။

ဒါကို မြင်လိုက်ရတော့ လင်းဖုန်းဟာ သူသံသယ ဖြစ်နေတဲ့ အရာတွေကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါပြီ... " အင်း... ငါထင်ထားတဲ့ အတိုင်းပဲ... ဒီရွှေရောင် ရဟန္တာ ၂၄ပါးဟာ ဗုဒ္ဓ အလင်းရောင်တွေ လွှမ်းခြုံထားတဲ့ ပေ၁၀၀၀ ဧရိယာ အတွင်းမှာပဲ လှုပ်ရှားနိုင်တာဟ။ ဝင်္ကပါကို ထိန်းချုပ်နေတဲ့သူ အနေနဲ့ ဒီဘုန်းကြီးကလဲ ဗုဒ္ဓအလင်းရောင် ဧရိယာရဲ့ အထဲကနေ အပြင်ကိုထွက်လို့ မရဘူးကွ။

ပြီးတော့ ကြည့်ရတာက ဟွေကုဟာ သူ့ရဲ့အာရုံတွေ အကုန်လုံးကို ဝင်္ကပါကို ထိန်းချုပ်ဖို့အတွက်ပဲ စူးစိုက်ထားရပြီး... တခြား ကျင့်ကြံမှုစွမ်းရည်တွေကို အသုံးလဲ မပြုနိုင်တော့ပါဘူး။

လင်းဖုန်းဟာ ရင်ထဲကနေပဲ ထပ်တွေးနေခဲ့ပါတယ်... "အင်း... ဒီအတိုင်းဆိုရင်တော့ အတည်မပြု နိုင်သေးတာက အချက်တစ်ချက်ပဲ ကျန်တော့တယ်ဟ... ဒါကတော့ ဒီဝင်္ကပါကို ပုံဖော်ဖို့အတွက် ဓါတ်တော် ၂၄ ပါး စလုံးကို မရှိမဖြစ် လိုအပ်သလား ဆိုတာပါပဲ။ တစ်ပါးပါးများ လျော့သွားခဲ့ရင် ဒီဝင်္ကပါကြီးကို မထိန်းသိမ်းနိုင်တော့ပဲ နေမလား?

စဉ်းစားနေရင်းနဲ့ပဲ လင်းဖုန်းဟာ သူ့ရဲ့ဘေးနားက ရှောင်ပုတန်လေးကို တိတ်တိတ်ကလေး ပြောလိုက်ပါတယ်... "ကဲကဲ... မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို သွားကူလိုက်ပါဦးကွာ... ငါကတော့ ဒီမြွေကြီးကို မင်းတို့နဲ့ပဲ လွှတ်ထားလိုက်တော့မယ်။ ဆရာသခင်က ဘာကိုမှ ဝင်ပြီးတော့ စွက်ဖက်မှာ မဟုတ်ဘူးနော်... ဒါက မင်းတို့ကို စာမေးပွဲ စစ်တယ်လို့ပဲ သဘောထားလိုက်ပေါ့ကွာ..."

ဒီစကားကို ကြားလိုက်ရတော့ ရှောင်ပုတန်လေးဟာ နဲနဲကလေးမှ ပြာယာခတ်သွားခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ အဲ့ဒီအစား သူဟာ စမ်းသပ်ကြည့်ဖို့အတွက် စိတ်အားထက်သန် နေခဲ့ပါတယ်… ဒီ့အပြင် သူခိုးတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ ပြုံးလိုက်ပြီးမှ… "ဟီးဟီး… ဆရာသခင်… တကယ်လို့များ ကျွန်တော်တို့က ဒီမြွေကြီးကို သတ်နိုင်ခဲ့လို့ရှိရင် အသွေးအသားနဲ့ တခြားပစ္စည်းတွေကို ကျွန်တော်တို့က ရမှာလားဟင်?"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Tempat cerita menjadi hidup. Temukan sekarang