အပိုင်း ၁၁၀ : ကိုယ့်အကွက်နဲ့ကိုယ်ပဲ

729 73 0
                                    

အပိုင်း ၁၁၀ : ကိုယ့်အကွက်နဲ့ကိုယ်ပဲ

ရှောင်ယန်နဲ့ ဝမ်လင်းတို့ဟာ တောင်ထိပ်ပေါ်ကို ပြန်တက်လာတဲ့အခါ… လင်းဖုန်းက သူတို့ကို ပြုံးပြီးမှ ကြည့်လိုက်ပြီး… "ကဲ… ဘယ်လိုလဲကွ? ဘာတွေကိုများ သင်ယူခဲ့ရလည်း?" ရှောင်ယန်နဲ့ ဝမ်လင်းတို့က တပြိုင်နက်ထဲပဲ… "ဟုတ်… ကျွန်တော်တို့က အများကြီး သင်ယူခဲ့ရပါတယ် ခင်ဗျ…" လင်းဖုန်းကလည်း ရှောင်ယန်ဆီကို လှည့်ကြည့်လိုက်ကာ… "ဟဲဟဲ… တကယ်တမ်းတော့ မင်းရဲ့ တတိယညီလေးရဲ့ ဟေးဒီးစ် နတ်လက်ချောင်းမှာ အကွက်တစ်ကွက် ကျန်နေသေးတယ်ကွ…"

"အိုး?" ရှောင်ယန်ကလည်း ရေရွတ်လိုက်ပြီး… ဝမ်လင်းကို မျက်စောင်းထိုး ကြည့်လိုက်ကာ… "ဟွန့်… ကောင်စုတ်လေး… ငါ့ကို အကွက်တစ်ကွက် လျှိုထားတယ်ပေါ့?" ဝမ်လင်းကလည်း ရယ်လိုက်ပြီး အတွန့်တက်လိုက်ကာ… "အား… ဆရာသခင်… အစ်ကိုကြီးကို အမှန်အတိုင်း ပြောပြလိုက်ပါခင်ဗျ။ နို့မဟုတ်ရင် နောက်ဆို ကျွန်တော့်ကို အလွတ်ပေးတော့မှာ မဟုတ်ပဲ နေတော့မယ်…"

လင်းဖုန်းကလည်း ရှောင်ယန်ကို စလိုက်ပြီး ရယ်လိုက်ကာ… "ဟီးဟီး… မျောက်ကလေး! သိပ်မလောပါနဲ့ဦး… ဆရာ့စကား ဆုံးအောင်လည်း စောင့်ပါဦးဟ…" ရှောင်ယန်ကလည်း စပ်ဖြီးဖြီး လုပ်လိုက်ပါတယ်။ လင်းဖုန်းက… "အင်း… ဝမ်လင်းရဲ့ တတိယ အကွက်က အတော်လေးပဲ စိတ်ဝင်စားစရာ ကောင်းတယ်ကွ။ အဲ့ဒါက တိုက်ခိုက်မှုနဲ့ မပတ်သတ်ဘူး။ အခုအချိန်မှာက… အဲ့ဒါက မပြည့်စုံသေးပဲ အနည်းငယ် လေ့လာဖို့ လိုသေးတယ်ကွ…" ရှောင်ယန်ကလည်း ကျေနပ်စွာနဲ့ပဲ ခေါင်းညိတ်လိုက်တယ်လေ။

သူက တစ်ခုခု ထပ်ပြောဖို့ ပြင်လိုက်ဆဲမှာ… သူ့ရဲ့အာရုံတွေဟာ တောင်အောက်ကို ရုတ်တရက်ပဲ ရောက်သွားခဲ့ပါပြီ… "ဟာ… ညီအငယ်ဆုံးလေးရဲ့ နည်းစနစ်တွေက သားနားလှချည်လား…" လင်းဖုန်းနဲ့ ဝမ်လင်းတို့ရဲ့ အကြည့်တွေကလည်း တောင်အောက်က စတင်တော့မယ့် တိုက်ပွဲဆီကို ရောက်သွားကြပြီလေ။

မြေပြန့်ပေါ်မှာ… ရှောင်ပုတန်လေးက ရယ်ရမ်းသွေးလိုက်ရင်း… "ဟဲဟဲ… ဒုတိယ အစ်ကိုလေး… ကျွန်တော်က စပြီနော်… ဗွေမယူဘူးလို့ မျှော်လင့်ပါတယ် ခင်ဗျ…" စကားဆုံးတာနဲ့… သူ့ရဲ့ လက်ဝါးနှစ်ဘက်ကို ပြင်းထန်စွာနဲ့ ရိုက်နှက်လိုက်ပြီး… ဖြေးဖြေးချင်းပဲ ပြန်ခွာလိုက်ပါပြီ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Donde viven las historias. Descúbrelo ahora