အပိုင်း ၁၀၁ : အခြေခံအုတ်မြစ် အဆင့်ကို ရောက်ရှိပြီး စနစ်ကို အဆင့်မြှင့်တင်ခြင်း!

721 73 0
                                    

အပိုင်း ၁၀၁ : အခြေခံအုတ်မြစ် အဆင့်ကို ရောက်ရှိပြီး… စနစ်ကို အဆင့်မြှင့်တင်ခြင်း!

"အင်း… ငါကတော့ အခြေခံအုတ်မြစ် အဆင့်ကို မရောက်နိုင်သေးဘူးဟ… ဒါကလည်း မှော်စွမ်းအင် မလုံလောက်လို့လည်း မဟုတ်ဘူး…"

လင်းဖုန်းဟာ တရားထိုင်နေရာကနေ ထလာလိုက်ပြီး… မတ်တပ်ရပ်လိုက်ပါတယ်။ နဖူးကို ရှုံထားရလွန်းလို့ အထုံးလိုမျိုးတောင် ဖြစ်နေပါပြီ။

သူဟာ မရပ်မနားပဲ ကြိုးစားနေခဲ့တာ တစ်လနီးပါး ရှိနေခဲ့ပြီလေ… ဒါပေမဲ့လည်း သူရဲ့ ချီပင်လယ်ကို မဖွင့်နိုင်သေးပဲ… သူ့ရဲ့ တာအိုအရင်းမြစ်ကိုလည်း မထုလုပ်နိုင်သေးပါဘူး။

လင်းဖုန်းဟာ သူ့ရဲ့ အခြေအနေကို သေသေချာချာ လေ့လာကြည့်လိုက်တဲ့အခါ… သူ့ရဲ့ မှော်စွမ်းအင်တွေက မသန်စွမ်းလို့ မဟုတ်ပဲနဲ့… သူဟာ မဟာကောင်းကင် တာအိုကျမ်းစာရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက်မှာ ရှိနေတဲ့ အတွေးအခေါ်နဲ့ မူလ သဘောတရားတွေကို လုံလောက်အောင် သဘောမပေါက်သေးလို့ပဲ ဖြစ်တာကို တွေ့ရှိလိုက်ရပါတယ်။

တာအိုနည်းစနစ် ရှစ်မျိုးကို ပေါင်းစပ်ပြီးမှ ရရှိလာခဲ့တဲ့ တာအိုကျမ်းစာဟာ လင်းဖုန်းရဲ့ ကိုယ်ပိုင် တီထွင်မှု ဖြစ်နေခဲ့ပေမယ့်… လင်းဖုန်းဟာ သူ့ရဲ့အထဲက လျှို့ဝှက်ချက်တွေကို သေချာစွာ လေ့လာဖို့ လိုအပ်နေခဲ့သေးတယ်လေ။

သူ့ရဲ့စိတ်တွေဟာ အနည်းငယ် မတည်မငြိမ် ဖြစ်နေတာကို သတိပြုမိလိုက်တော့… လင်းဖုန်းဟာ အင်အားသုံးပြီး အတင်းကြီး အဆင့်တက်ဖို့ကို မဝံရဲနေခဲ့ပါဘူး။ သူဟာ ကျင့်ကြံမှုတွေကို ယာယီ ရပ်တန့်ခဲ့ပြီး… ဘေးပတ်ဝန်းကျင်ကို လမ်းလျှောက်ထွက်ခဲ့ကာ စိတ်ကို လျှော့ထားခဲ့ပါတယ်။

တောင်တန်းတွေရဲ့ နက်ရှိုင်းလှတဲ့ နေရာတစ်နေရာမှာ… လင်းဖုန်းဟာ ရေကန်ငယ်လေး တစ်ခုရဲ့ဘေးမှာ အေးအေးဆေးဆေးပဲ လမ်းလျှောက်ပြီးမှ နေခဲ့တယ်လေ။ ရေပြင်ပေါ်မှာ ပေါ်နေတဲ့ သူ့ရဲ့ ပုံရိပ်လေးကို ကြည့်လိုက်ပြီး… သူဟာ သူ့ရဲ့ကျင့်ကြံမှု လမ်းကြောင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ငြိမ်သက်စွာနဲ့ပဲ တွေးတောဆင်ခြင်နေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Wo Geschichten leben. Entdecke jetzt