အပိုင်း ၈၉ : နှင်းမုန်တိုင်းမှ အသက်ရှင်ကျန်နေသူများ
"ဟာ… ဘယ်လောက်အထိတောင် သွေးဆာပြီး လူသတ်လိုစိတ် ပြင်းထန်လှတဲ့ အာရုံမျိုးလဲ… ငါကပဲ အတွေးလွန်နေတာများလား?"
လင်းဖုန်းက သူ့ရဲ့ခေါင်းကို အနောက်ကို လှည့်ကြည့်လိုက်ပေမယ် ကြွက်တစ်ကောင် ကြောင်တစ်မြီးကိုမှ မတွေ့ခဲ့ရပါဘူး။ သူဟာ ခေါင်းကိုသာ ခါလိုက်ပြီး စိတ်လျှော့လိုက်ရပါတော့တယ်။ သူ့ရဲ့ စိတ်ထဲမှာကတော့… အရိပ်မည်းကြီး တစ်ခုဟာ လွှမ်းမိုးပြီးမှ နေခဲ့တယ်လေ… သူ့ရဲ့ဘေးနားမှာ အန္တရာယ် ကပ်ဆိုးကြီး တစ်ခုဟာ ကျရောက်လာခဲ့တော့ မလိုပါပဲ။
သူ့ရဲ့ အတွေးတွေကို ရုပ်သိမ်းလိုက်ပြီး… လင်းဖုန်းဟာ ယွဲ့ဟုန်ယန်နဲ့ အဖွဲ့ကို ကြည့်လိုက်ပါပြီ… သူက ယွဲ့ဟုန်ယန်ဟာ သစ်သားဓားလေးနဲ့တူတဲ့ မှော်အိုင်တမ်လေး တစ်ခုကို ထုတ်ယူလိုက်တာကို တွေ့ခဲ့ရပြီလေ။
ဒီသစ်သားဓားလေးဟာ ယွဲ့ဟုန်ယန်ရဲ့ အသက်သွင်းခြင်းကို ခံလိုက်ရပါတယ်။ သူက လေထုရဲ့ အပေါ်ကို ပျံတက်သွားခဲ့ပြီး… စက်ဝိုင်းအပတ် လေးငါးပတ်လောက် ပတ်လိုက်ကာ ရပ်သွားခဲ့တယ်လေ။ ဓားရဲ့ထိပ်ဖျားဟာ အရပ်မျက်နှာ တစ်ခုကို ညွှန်ပြနေခဲ့ပါပြီ။ ယွဲ့ဟုန်ယန်က ဒီသစ်သားဓားလေးကို ပြန်သိမ်းလိုက်ပြီး… သုံးယောက်သားဟာ သစ်သားဓားလေး ညွှန်ပြခဲ့တဲ့ အရပ်မျက်နှာ အတိုင်းကို ရှေ့ဆက်သွားခဲ့ ကြပါတော့တယ်။
လမ်းတစ်လျှောက်လုံးမှာ… လင်းဖုန်းဟာ ဒီလိုမျိုး အခြေအနေတွေကို တစ်ခေါက်မကပဲ ကြုံတွေ့ခဲ့ရတယ်လေ။ သူဟာ သူ့ရဲ့ရင်ထဲကနေပြီး… ယွဲ့ဟုန်ယန်နဲ့ ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူတို့ဟာ ဒီမှော်အိုင်တမ်လေးကို အသုံးချပြီးတော့… ဒီရှေးဟောင်းကမ္ဘာ စိမ့်မြေကြီးရဲ့ အတွင်းမှာ အရပ်မျက်နှာတွေကို ဖော်ထုတ်နေခဲ့တယ် ဆိုတာကို သိနေခဲ့ပါပြီ။
လင်းဖုန်းကလည်း သူတို့ရဲ့ အနောက်ကနေပြီး… တောက်လျှောက်ပဲ နောက်ယောင်ခံပြီးမှ လိုက်သွားနေခဲ့ပါတယ်။ သူဟာ စိမ့်မြေရဲ့ အနက်ပိုင်း အတွင်းကို ရောက်လာခဲ့ပြီး… အန္တရာယ်ဇုန်တွေ တစ်ခုပြီးမှ တစ်ခု ဖြတ်ကျော်လို့ အပြီးမှာ… သဲကန္တာရ တစ်ခုရဲ့ အထဲကို ရောက်လာခဲ့ပါပြီ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...