အပိုင်း ၁၀၈ : ပျော်ရွှင်ဖွယ်ရာ အံ့အားသင့်စေခြင်း

705 85 0
                                    

အပိုင်း ၁၀၈ : ပျော်ရွှင်ဖွယ်ရာ အံ့အားသင့်စေခြင်း

ကျယ်ပြန့်လှတဲ့ ပင်လယ်ကြီးလိုမျိုး သန်စွမ်းလှတဲ့ မှော်စွမ်းအင် လှုပ်ရှားမှုတွေဟာ… ရှောင်ယန်နဲ့ ကျန်တဲ့နှစ်ယောက် ရှိနေတဲ့ နေရာကနေပြီး ထွက်ပေါ်ကာ လာခဲ့ပါပြီ။

လင်းဖုန်းကလည်း ဒီမြင်ကွင်းကို မျက်စိအပြူးသားနဲ့ ကြည့်နေခဲ့ပြီး… သူ့ရဲ့နားထဲမှာလည်း စနစ်ကြီးရဲ့ အကြောင်းကြားချက်တွေကို ကြားနေခဲ့ရတယ်လေ… "သင့်ရဲ့တပည့်… ရှီထျန်းဟောင်ဟာ အခြေခံအုတ်မြစ် အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ သင့်ရဲ့တပည့် ရှောင်ယန်ဟာ အခြေခံအုတ်မြစ် အဆင့်ကို ရောက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်။ သင့်ရဲ့တပည့် တစ်ဝက်တိတိဟာ အခြေခံအုတ်မြစ် အဆင့်ကို ရောက်သွားတဲ့အတွက် သင်ဟာ တာအိုနည်းစနစ်ကို အဆင့်မြင့်တင်ခြင်းနဲ့ နောက်တစ်ဆင့်ကို ရောက်သွားခြင်းတို့အတွက် သီးသန့်အထူးဆုတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်…"

"ဟာ… နေစမ်းပါဦး!" လင်းဖုန်းကလည်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရာကနေ… စနစ်ကြီးရဲ့ နောက်ဆုံးစကားကြောင့် မှင်သက်သွားခဲ့ပါပြီ။ သူက သန့်ရှင်းလတ်ဆတ်လှတဲ့ လေထုကြီးဟာ သူ့ရဲ့ခေါင်းပေါ်ကနေ အောက်ပိုင်းအထိကို စီးဆင်းသွားခဲ့ပြီး… သူအခြေခံအုတ်မြစ် အဆင့်ကို ရောက်ရှိစဉ်က ဖွင့်လှစ်ထားခဲ့တဲ့ ရွှေရောင်ချီပင်လယ်ထဲကို ဆင်းသက်သွားခဲ့တာကို ခံစားမိခဲ့ရပါတယ်။

ဒီလေထုကြီးရဲ့ ဦးဆောင်မှုအောက်ကနေ… လင်းဖုန်းဟာ သူ့ရဲ့ ရွှေရောင်ချီပင်လယ်ထဲမှာ သိုလှောင်ထားတဲ့ မှော်စွမ်းအင်တွေဟာ ဝဲကတော့လိုမျိုး စတင်ပြီး လည်ပတ်လာတာကို သတိထားမိခဲ့တယ်လေ။ ဒီဝဲကတော့ရဲ့ အလယ်ကနေပြီး စိတ်ဝိညာဉ် တာဝါတစ်ခုဟာ ဖြေးဖြေးချင်းပဲ ပေါ်ထွက်လာခဲ့တာကို တွေ့ရှိလိုက်ရပါပြီ။
ဒီစိတ်ဝိညာဉ် တာဝါဟာ ဘာအရောင်မှ မရှိပဲ စိတ်ဝင်စားဖွယ် သိပ်မကောင်းလှပါဘူး။ ဒါပေမဲ့လည်း… သူဟာ အေးစက်ပြီး ခမ်းနားထည်ဝါလှတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ခဲ့ပါတယ်… သူ့ကိုကြည့်ရတာ အရာအားလုံးကို ဖိနှိပ်ထားနိုင် သလိုပါပဲ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Donde viven las historias. Descúbrelo ahora