ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၃ : အပိုင်း ၅
အပိုင်း ၃၅ : လိုက်ဖမ်းသောသူများ ရောက်ရှိလာခြင်း
လင်းဖုန်းဟာ ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းမှ လူတွေရဲ့ အနောက်ကို ဆက်ပြီးတော့ လိုက်နေခဲ့ပါတယ်။ လမ်းလျှောက်နေရင်းနဲ့ပဲ သူ့ရဲ့ အင်္ကျီအိတ်ထဲက စာအုပ်ဟောင်းလေး တစ်အုပ်ကို ထုတ်လိုက်ပြီးမှ… သူ့ရဲ့ တပည့်လေးနှစ်ယောက် သတိမထားမိတဲ့ အချိန်မှာ စာရွက်လေး တစ်ရွက်ကို ဖြဲပြီးတော့ ပစ်ချလိုက်ပါတယ်… ဒါမှလဲ ရွှမ်ကျိအမတ် ဂေဟာကလူတွေ လိုက်လာတဲ့ အချိန်ကျရင် ခြေရာခံလို့ ရမှာပေါ့။
"ဆရာသခင် ခင်ဗျား… ကျွန်တော်တို့က ဘာဖြစ်လို့ ညအမှောင်ထဲက သူခိုးတွေလိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်နေရတာလဲ?"… ရှောင်ယန်လေးက ဇဝေဇဝါ ဖြစ်စွာနဲ့ပဲ မေးလိုက်ပါတယ်… " ဆရာက ဘာဖြစ်လို့ တစ်ခါထဲ တိုက်ရိုက်သွားပြီးတော့ မကယ်လိုက်တာလဲ ခင်ဗျ?"
လင်းဖုန်းကလဲ တည်ငြိမ်စွာနဲ့ပဲ ပြန်ဖြေလိုက်ပါတယ်… "အင်း… သူတို့ရဲ့ လှုပ်ရှားမှု မှန်သမျှဟာ ဆရာသခင်ရဲ့ မျက်လုံးအောက်ကနေ မလွတ်ပါဘူးကွာ။ အခုအချိန်မှာ ငါက လောလောလောလောနဲ့ သွားပြီးတော့ မကယ်တင်ချင်သေးဘူးဟ… ဆရာသခင်က မင်းတို့ ဂျူနီယာလေးရဲ့ ပင်ကိုစရိုက်နဲ့ စိတ်စွမ်းအင်တွေ ဘယ်လိုရှိသလဲ ဆိုတာကို အချိန်ယူပြီးတော့ အရင်လေ့လာ ချင်သေးတယ်ကွ။
"ဒီလိုမျိုး ဆိုးရွားတဲ့ အန္တရာယ်အောက်မှာ သူကဘယ်လိုမျိုး တုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့ကွာ…"လင်းဖုန်းက ရှောင်ယန်ကို အပြုံးလေးနဲ့ပဲ ကြည့်လိုက်ပါတယ်… "အင်း… ဆရာက မင်းကိုလဲ အသေအချာ စောင့်ကြည့်နေခဲ့တာကွ… မင်းကလဲ ဒုက္ခတွေနဲ့ တွေ့တဲ့အချိန်မှာ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်မျိုး မရှိခဲ့ရင်… ဆရာသခင်ကလဲ မင်းကို တပည့်အဖြစ် လက်ခံခဲ့မှာ မဟုတ်ဘူးဟ…"
ရှောင်ယန်ကလဲ ပြုံးလိုက်ပါပြီ… ဘဝင်ကျစွာနဲ့ပဲ ခေါင်းကိုညိတ်လိုက်ပြီးတော့ ဘာကိုမှ ဆက်ပြီးတော့ မမေးတော့ပါဘူး။
ရုတ်တရက်ပဲ တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး လင်းဖုန်းကလည်း မေးလိုက်ပါတယ်… "ကဲ… ယန်ကလေးရေ… မင်းတွေ့ခဲ့တဲ့ ဘုန်းကြီးက အမျက်ဒေါသ အေကာလာ မီးတောက်ကိုများ လေ့ကျင့်နိုင်သလားကွ?"
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...