အပိုင်း ၂၉ : နှုတ်ဆက်ခြင်း

1K 115 0
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၂ : အပိုင်း ၉

အပိုင်း ၂၉ : နှုတ်ဆက်ခြင်း

"အင်း… သူမရဲ့ လက်ထဲမှာ ကျွန်မပဲဖြစ်ဖြစ်… ကျွန်မရဲ့ဂိုဏ်းကပဲ ဖြစ်ဖြစ် ကြိုးစားပြီးတော့ ပြန်ယူရမဲ့ ပစ္စည်းလေးတစ်ခု ရှိနေတယ်ရှင့်…"

ယန့်မင်းရွဲ့ရဲ့ အသံဟာ တည်ငြိမ်နေခဲ့ပေမယ့် လင်းဖုန်းဟာ လုံရဲ့ရဲ့ လက်ထဲက ပစ္စည်းဟာ လုံးဝကိုပဲ သာမန် မဖြစ်နိုင်ဘူး ဆိုတာကို သိနေခဲ့ပါတယ်။

အခုတော့ ယန့်မင်းရွဲ့ဟာ သူမက ဂိုဏ်းကို ပြန်သွားပြီးရင် ကြုံရမယ့် အနေအထား အပေါ်မှာ ဘာ့ကြောင့် ပူပင်မှု မရှိနေရသလဲ ဆိုတာနဲ့… သူမဟာ လုံရဲ့ကို ဘာဖြစ်လို့ အလောတကြီး လိုက်ရှာနေရသလဲ ဆိုတာကို လင်းဖုန်းက သဘောပေါက်သွားခဲ့ပါပြီ။

တကယ်လို့များ သူမဟာ လုံရဲ့ဆီက ပစ္စည်းကို အောင်မြင်စွာနဲ့ ပြန်ယူနိုင်ခဲ့မယ်ဆိုရင်တော့… အနာဂတ်မှာ သူမက သူမရဲ့ဂိုဏ်းကို ပြန်ပြီးတော့ သွားခဲ့မယ်ဆိုရင်… ဘယ်သူကမှ သူမကို လျစ်လျူရှုပြီး ထားရဲမှာ မဟုတ်တော့ဘူးလေ။

ဒါကို နားလည်သွားတော့ လင်းဖုန်းကလဲ ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်ပါတယ်… "ဟင်း… လုံရဲ့က အခု ဘယ်ရောက်နေသလဲ ဆိုတာကတော့ ကျွန်တော်က မသိဘူးဗျ။ ကျွန်တော်က ဒီမိစ္ဆာမယ်ကို ဝူကျိုးမြို့ရဲ့ အရှေ့မြောက်ဖက်က အဆုံးအစမဲ့တဲ့ တောင်တန်းတွေရဲ့ အကြားမှာ တွေ့ခဲ့တာဗျ…"

လင်းဖုန်းက ရင်ထဲကပဲ ကျိတ်ပြီးတော့ ပြောနေခဲ့ပါတယ်… ပြိုင်ဖက်ဟောင်းကြီး နှစ်ယောက် ဆက်ချကြဟေ့။ ယန့်မင်းရွဲ့က လှုပ်ရှားလိုက်ရင် ဒီမိစ္ဆာမယ်လေးရဲ့ မှတ်ဉာဏ်ဟာ ဘယ်လောက်ပဲကောင်းကောင်း… သူ့ကိုလိုက်ရှာဖို့ကို မှတ်မိတော့မှာ မဟုတ်ဘူးလေ… ဟုတ်တယ်မို့လား?

သူက ရှောင်ပုတန်ရဲ့ ခေါင်းလေးကိုပွတ်ပြီးတော့မှပဲ ပြောလိုက်ပါတယ်… "အင်း… တောင်တန်းတွေရဲ့ အကြားမှာ ရွာကလေးတစ်ရွာ ရှိတယ်ဗျ… ဒီမိစ္ဆာမယ်ဟာ မက်မွန်ပင်အိုကြီး တစ်ပင်အနားမှာ ခိုအောင်းနေပြီး နိုးလာခါစဗျာ… ရွာသားတွေရဲ့ အသက်ကို ခြိမ်းခြောက်နေခဲ့တာပေါ့။ ကျုပ်ကလဲ အဲ့ဒီနေရာကို အဖြတ်နဲ့ကြုံတော့ သူမရဲ့ လမ်းမှားလုပ်ရပ်တွေကို ဖယ်ရှားပေးလိုက်ပြီး… ဒီကောင်ကလေးကို ကယ်တင်ခဲ့တာပေါ့ဗျာ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now