အပိုင်း ၄၅ : ငါကလဲ မင်းကို စောင့်နေတာဟ… ဘုန်းကြီးရ!
ဟွေကုဟာ ရွှေရောင်ရဟန္တာကို အသုံးချပြီးတော့ လင်းဖုန်းကို တိုက်ခိုက်ခဲ့ပါတယ်။ လင်းဖုန်းကလဲ ခိစတိဂါဘ သျှတ္တရကို အသုံးပြုပြီးတော့ပဲ ဒီရွှေရောင်ရဟန္တာရဲ့ တိုက်ခိုက်မှုကို ယာယီကာကွယ်နိုင်ခဲ့ တယ်လေ။
သူက လင်းဖုန်းဟာ ခိစတိဂါဘ သျှတ္တရကို တကယ်ကိုပဲ တတ်ကျွမ်းနေတာကို အံဩသွားခဲ့ပေမယ့်… ဟွေကုရဲ့ တထင့်ထင့်ဖြစ်နေတဲ့ စိတ်ကလေးဟာ လင်းဖုန်းရဲ့ ကာကွယ်နိုင်တဲ့ စွမ်းအားက ထင်သလောက် မမြင့်တာကို တွေ့လိုက်ရတော့ သက်တောင့်သက်သာ ဖြစ်သွားခဲ့ပါပြီ။ ရွှေရောင်ဗဟိုချက် အဆင့်ကို မဆိုထားနဲ့… သူက အခြေခံအုတ်မြစ် အဆင့်ကိုတောင် မရောက်သေးဘူးလေ။
ဟွေကုက အေးစက်စက်နဲ့ပဲ ရယ်လိုက်ပါပြီ… "ဟားဟား… ဒီလောက်ပညာလေးနဲ့… ငါ့ရဲ့အရှေ့မှာ စစ်ရေးလာပြဖို့ကို ထိုက်တန်တယ်လို့များ ထင်နေသလားဟ? မင်းက ဟန်ဆောင်လှည့်စား တတ်တဲ့လူလို့ အစကတည်းကများ သိခဲ့ရင်တော့ကွာ… ဒီမှော်ကျိန်စာ ဝင်္ကပါကို မသုံးပဲနဲ့ မင်းကို လူဝင်စား သံသရာထဲကို အစောကြီးကတည်းက ပို့ပေးလိုက်ပြီဟေ့…"
လင်းဖုန်းကလဲ သူ့ကို အေးစက်စက်နဲ့ပဲ ပြန်ကြည့်လိုက်ပါပြီ… သူက ထူးမခြားနား လေသံနဲ့ပဲ ပြောလိုက်ပြီလေ… "ဟွန့်… မင်းက ဘာမှမဟုတ်ပဲ ရေတွင်းအောက်ခြေက ဖားကလေး တစ်ကောင်ပါပဲကွာ… မင်းက ရှေးဘုန်းကြီးတွေရဲ့ အရိုးတွေကို စောင့်ရှောက်နေပြီး… ဒီနေရာမှာ မဟုတ်မဟပ်တွေကိုပဲ လျှောက်ပြောနေတာဟ…"
ဟွေကုဟာ ဒေါသထွက်လွန်းလို့ မျက်နှာကြီးတောင် ပြာသွားခဲ့ပါပြီ… "ဟာ… တာအိုဆရာ အစုတ်ပလုတ်… မင်းထပ်ပြောရဲရင် ပြောကြည့်စမ်း!"
လင်းဖုန်းကလဲ တည်ငြိမ်စွာနဲ့ပဲ ခေါင်းကို ခါလိုက်ပြီလေ… "ဟင်း… ဒီမှော်ကျိန်စာ ဝင်္ကပါက မင်းရဲ့ မောက်မာနေရတဲ့ အကြောင်းရင်းလား? ဒီကနေ့တော့ ငါက မင်းရဲ့ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ အရာတွေကို အမြစ်ဖြတ်ပေးလိုက်ပြီး… မင်းရဲ့ ပုံစံအမှန်ကို ဖော်ထုတ်ပေးလိုက်မယ်ကွ…"
VOCÊ ESTÁ LENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...