အပိုင်း ၆၁ : အလုပ်အကိုင် လုသူသောသူ

705 82 1
                                    

အပိုင်း ၆၁ : အလုပ်အကိုင် လုသူသောသူ

လင်းဖုန်းဟာ မုန်းတီးစွာနဲ့ အံကိုကြိတ်နေခဲ့ပေမယ့်… အနည်းဆုံးတော့ သူမှာက စိတ်ထဲကနေ ကြိုတင်ပြင်ဆင်မှုတွေ ရှိနေခဲ့ပြီးသားပါ။ တစ်ခြားတစ်ဘက်မှာတော့… ဝမ်လင်းရော စွန်းရှောင်ကျူးပါ နှစ်ယောက်စလုံးက ပါးစပ်အဟောင်းသားတွေ ဖြစ်သွားကြပါပြီ။

ဒီကျောက်ပုတီးလုံး လေးကနေပြီး အနက်ရောင် မီးခိုးငွေ့တွေဟာ အဆက်မပြတ် ထွက်လာခဲ့ကာ… လေထဲမှာ လူတစ်ယောက်ပုံစံ အဖြစ်ကို ပြောင်းသွားပြီး… အက်ကွဲတဲ့ လေသံကြီးနဲ့ နားကြားပြင်းကပ်လောက်အောင် ရယ်မောနေခဲ့ပါတယ်။

လင်းဖုန်းကလဲ အနီးကပ် သေချာစွာ ကြည့်လိုက်ပါပြီ… အဘိုးကြီးပုံစံနဲ့ လူပုံသဏ္ဌာန်ကို တွေ့ခဲ့လိုက်ရပြီလေ။ သူ့ရဲ့ အပြုအမူတွေဟာ အလွန်ကိုမှ မောက်မာပြီး အနိုင်ကျင့် ဗိုလ်ကျလိုစိတ်တွေကို တွေ့နေရပါတယ်။

"ဟွန့်… ချီသာဝက အဆင့်က ပုရွက်ဆိတ် ပိစိကွေးလေးကများ ငါ့ရဲ့ ရတနာကို လာလုချင်နေသေးတယ်? ဟာသပဲ!"

ဒီဘိုးတော်ရဲ့ ရယ်သံဟာ အလွန်ကိုမှပဲ ရဲတင်းပြီး… လင်းဖုန်းကလဲ သူ့ရဲ့ မျက်ခုံးနှစ်ဘက်ထဲမှာ ကြီးမားတဲ့ ရန်ငြိုးနဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ အော်ရာကို အာရုံခံမိလိုက်တယ်လေ။

ဒီဘဲအိုကြီးဟာ တကယ်ကိုပဲ ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာတာပါ… လုံးဝကိုမှ လူကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။

လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ လင်းလက်သွားပြီး… ဘာကိုမှ အလောတကြီး မလုပ်တော့ပဲ သူ့ရဲ့ ပြိုင်ဘက်အကြောင်းကို သိရဖို့အတွက် ငြိမ်ငြိမ်လေးနဲ့ပဲ စောင့်ကြည့်နေခဲ့ပါတော့တယ်။

ဒါပေမဲ့ စွန်းရှောင်ကျူးကတော့ ဒီလိုမျိုး ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး… ကျိန်ဆဲလိုက်ပြီးတော့… "ဟေ့… ဘယ်က လေလွင့်နေတဲ့ တစ္ဆေလဲကွ… မင်းက ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲလား?" စကားပြောနေဆဲမှာပဲ သူဟာ သူ့ရဲ့လက်အစုံနဲ့ မှော်ကျိန်စာ သင်္ကေတတွေကို ဖန်ဆင်းနေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Opowieści tętniące życiem. Odkryj je teraz