အပိုင်း ၇၄ : ဆရာက အိမ်မှာ မရှိဘူး : အညံ့မခံဘူးကွ!

735 90 0
                                    

အပိုင်း ၇၄ : ဆရာက အိမ်မှာ မရှိဘူး : အညံ့မခံဘူးကွ!

ထောင်အော့က ရှောင်ယန်ကို ကြည့်လိုက်ကာ ထူးမခြားနား ပုံစံမျိုးနဲ့ ပြောလိုက်ပါတယ်… "အင်း… ဒီဝတ်ရုံနက်နဲ့ ကောင်လေးကတော့ ဘာမှ အသုံးမဝင်ဘူး ဆိုတော့ကာ… သူ့ရဲ့ပါးစပ်ကို ပွင့်လာအောင် လုပ်ပြီးမှ… အဖြေကို ရအောင်လုပ်ရမယ်ကွ…"

ဒီစကားကို ကြားလိုက်ရတော့… ယုထျန်းကလည်း ရှောင်ယန်ရှိရာဆီကို လှမ်းကြည့်လိုက်ပြီး… ရက်စက်တဲ့ ပုံစံမျိုးနဲ့ ရယ်လိုက်ပါပြီ… "ဟားဟား… ကောင်းတာပေါ့… ကျွန်တော်ကလည်း ဒီအတိုင်းပဲ တွေးနေတာပဲ…" စကားပြောနေရင်းနဲ့ပဲ သူက သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး… ယုကလန်က ကျင့်ကြံသူတွေဟာ ရှောင်ယန်ကို ဝန်းရံလိုက်ကာ ဖမ်းဆီးဖို့ ကြိုးစားလိုက်ကြပါတော့တယ်။

ရှောင်ယန်ကလည်း ဒီမြင်ကွင်းကို အေးစက်စွာနဲ့ပဲ စိုက်ကြည့်နေခဲ့ပါတယ်။ ဒီအချိန်မှာ သူရဲ့ပါးစပ်ကို ရုတ်တရက်ပဲ ဟပြီးတော့မှ မေးလိုက်ပါပြီ.. "ဟွန့်… ခင်ဗျားတို့က အားလုံးကို အကောင်းဘက်ကပဲ တွက်လွန်းနေရာ မကျဘူးလား?" သူ့ရဲ့လက်ထဲက အနက်ရောင် သံမဏိ မဟာဓားကြီးကို လွတ်ချလိုက်ပြီး မြေကြီးပေါ်မှာ ဖုန်တွေကို တထောင်းထောင်းနဲ့ ထစေခဲ့ပါတယ်။

သူ့ရဲ့ လက်နှစ်ဘက်က အပြင်ကို ဆန့်ထုတ်လိုက်ပြီး… လက်ဖဝါးတွေမှာ မှော်စွမ်းအင်တွေကို စုစည်းလိုက်ပါပြီ… မီးတောက်မီးလျှံတွေအဖြစ် အစုလိုက်ပဲ အကောင်အထည် ပေါ်လာခဲ့ပြီလေ။ ဒီမီးတောက်တွေဟာ တောက်ပစွာနဲ့ လောင်ကျွမ်းလာခဲ့ပြီး… အဆက်မပြတ်ပဲ သိပ်သည်းကာ လာခဲ့ပါပြီ။ သိပ်သည်းရင်း.. သိပ်သည်းရင်းနဲ့ပဲ… သူတို့ဟာ နောက်ဆုံးမှာတော့ အနီရောင်ရင့်ရင့် အလင်းတန်း စက်လုံးလေး နှစ်ခုအဖြစ်ကို အသွင်ပြောင်းသွားခဲ့ကြပါတော့တယ်။

ဒီအလင်းတန်း စက်လုံးလေး နှစ်ခုကို မြင်လိုက်ရတော့… ထောင်အော့နဲ့ ယုထျန်းတို့ နှစ်ယောက်စလုံးရဲ့ အမူအရာတွေဟာ အနည်းငယ် ပြောင်းသွားခဲ့တယ်လေ…"ဟာ… အနီရောင်ကြာပန်း ချိုးဖောက်ခြင်း! ဟင်းလင်းပြင် ဘုရားကျောင်း?"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Tempat cerita menjadi hidup. Temukan sekarang