အပိုင်း ၇၀ : ဆရာက အိမ်မှာ မရှိဘူး : ပြေးစရာမြေလည်း မရှိတော့ဘူး

707 81 0
                                    

အပိုင်း ၇၀ : ဆရာက အိမ်မှာ မရှိဘူး : ပြေးစရာမြေလည်း မရှိတော့ဘူး

တောင်ကြားအတွင်းက စမ်းချောင်းလေးရဲ့ အတွင်းမှာ… ဝါးဖောင်လေး တစ်ခုဟာ ရေစီးအတိုင်း စုန်မျောပြီးတော့ လာခဲ့ပါတယ်။

ဝါးဖောင်လေးရဲ့ အပေါ်မှာတော့ ဝတ်ရုံစိမ်းနဲ့ ကျောင်းတော်သားရယ်… အသက် လေးငါးနှစ်သာ ရှိဦးမယ့် ကလေးလေး တစ်ယောက်ရယ်တို့ဟာ ထိုင်နေကြတယ်လေ။

ဒီဝါးဖောင်ကလေးရဲ့ အပေါ်မှာ ထိုင်နေကြရင်း… ဒီဝါးဖောင်လေးကို ထိန်းကျောင်းနေပြီးတော့… ဒီလူနှစ်ယောက်ဟာ အရှိန်မြင့်အောင်လို့ မလှော်ခတ်နေရုံတင် မကဘူး… သူတို့ဟာ ဒီဝါးဖောင်လေးကို ရေစီးအတိုင်း လျှင်မြန်စွာ တဟုန်ထိုး မစီးဆင်းသွားအောင် ထိန်းချုပ်နေခဲ့ပါသေးတယ်။

ဒီဝါးဖောင်လေးရဲ့ ဘေးဘက်မှာ ရေပလုံစီ တချို့ဟာ ရုတ်တရက်နဲ့ ထလာခဲ့ပြီး… ရေတွေနဲ့ စိုရွှဲနေတဲ့ ဝတ်ရုံနက်နဲ့ လူငယ်တစ်ယောက်ဟာ ရေထဲကနေ ဘွားကနဲ ပေါ်လာခဲ့ကာ… ဝါးဖောင်ရဲ့ အပေါ်ကို လျှင်မြန်စွာနဲ့ ရောက်လာခဲ့ပြီး… လတ်ဆတ်တဲ့ လေထုကြီးကို အငမ်းမရပဲ ရှူရှိုက်လို့ နေခဲ့တယ်လေ။

"အင်း… ငါတို့မှာက ဆရာသခင်ရဲ့ မဟူရာ တိမ်တိုက်အလံရှိရင်တော့ ကောင်းမှာပဲကွ… ငါတို့က ဒီလောက်အထိကြီး အားစိုက်စရာ မလိုတော့ဘူးလေ…" ဒီဝတ်ရုံနက် လူငယ်ဟာ ရှောင်ယန်ကလွဲလို့ ဘယ်သူမှ မဟုတ်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က မှော်စွမ်းအင်တွေကို လှည့်ပတ်လိုက်ပြီးတော့… သူ့ရဲ့ ကိုယ်အတွင်းကနေပြီး လေပူစီးကြောင်း တစ်ခုဟာ ထိုးထွက်လာခဲ့ပြီး… သူ့ရဲ့ ကိုယ်အပေါ်က အဝတ်တွေကို ချက်ချင်းပဲ ခြောက်သွေ့စေခဲ့ပါတယ်။

ဇူရီကလည်း ပြောလိုက်ပါပြီ… "အင်း… ဒီအချိန်မှ ဒါတွေကို ပြောနေလို့လည်း ဘာမှ အကျိုးမရှိပါဘူး။ ဒီနည်းလမ်းက နှေးကွေးသေးတယ် ဆိုပေမယ့်… အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ နေရာကို မတွေ့နိုင်တော့ဘူးပေါ့…"

ရှောင်ပုတန်လေးဟာ ဝါးဖောင်ပေါ်ကနေ ခုန်လိုက်ပြီးတော့… ပြုံးကာပြောလိုက်ပါတယ်… "အား… ကျွန်တော့်အလှည့် ရောက်ပြီဗျ…" ပြီးတော့မှ သူဟာ ရေထဲကို ခုန်ချလိုက်ပြီး… အောက်ဘက်ကို ဒိုင်ပင်ထိုးချ သွားခဲ့ပြီလေ။ ရှောင်ယန်ရဲ့ အနက်ရောင် သံမဏိ မဟာဓားကြီးဟာ ရေအောက်က သဲအတွင်းမှာ နစ်မြုပ်နေခဲ့ကာ… သူတို့လာရာ လမ်းတလျှောက်မှာ ရေအောက်အတွင်းက ဒေါင်လိုက် လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Nơi câu chuyện tồn tại. Hãy khám phá bây giờ