အပိုင်း ၆၆ : ဆရာက အိမ်မှာ မရှိဘူး : ပြဿနာတွေက တံခါးခေါက်လာကြပြီ

754 87 0
                                    

အပိုင်း ၆၆ : ဆရာက အိမ်မှာ မရှိဘူး : ပြဿနာတွေက တံခါးခေါက်လာကြပြီ

ကျယ်ပြန့်ပြီး ဖုန်ထူတဲ့ လမ်းတစ်နေရာ… ဝတ်စုံနက်နဲ့ လူငယ်တစ်ယောက်ဟာ ချွေးတလုံးလုံးနဲ့  ခက်ခက်ခဲခဲ လမ်းလျှောက်နေရပါတယ်။ ဒီလူငယ်ရဲ့ ခြေလှမ်းတိုင်းဟာ အလွန်လေးလံတဲ့ ပစ္စည်းတစ်ခုကို မြေပေါ်ကို ချလိုက်တဲ့ အတိုင်းပါပဲ… မြေကြီးပေါ်ကို ဝုန်းကနဲ ကျသွားပြီး ဖုန်မှုန့်တွေကို လွင့်ပျံတက်လာ စေခဲ့တယ်လေ။

အနီးကပ် ကြည့်လိုက်ရင်တော့… ဒီအနက်ရောင် ဝတ်စုံနဲ့ လူရွယ်ရဲ့ နောက်ကျောမှာ… မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားတဲ့ ဧရာမ အနက်ရောင် ဓားကြီးကို သယ်ပိုးထားတာကို တွေ့နိုင်ပါတယ်။ ဒီဓားကြီးဟာ ဓားသွားရော.. ထိပ်ပိုင်းပါ မရှိပဲနဲ့… သူ့ရဲ့အလျားဟာ ဒီလူငယ်ရဲ့ အရပ်ကိုတောင် ကျော်နေပါပြီ။

ဒီလိုမျိုး ထူးဆန်းတဲ့ အပေါင်းအဖက်ဟာ ဒီမြို့ရင်ပြင်ကနေ ဖြတ်သွားတဲ့သူတိုင်းကို မအောင့်နိုင်တော့ပဲ စပ်စုတဲ့အကြည့်တွေနဲ့ ကြည့်စေခဲ့တယ်လေ။

ဒီဝတ်စုံအနက်နဲ့ လူငယ်ရဲ့ ဘေးမှာတော့… ဝတ်ရုံစိမ်းနဲ့ စာသင်သား တစ်ယောက်ဟာ ဘေးချင်းယှဉ်ပြီးတော့ လျှောက်နေခဲ့ပါတယ်။ အသက် လေးနှစ်.. ငါးနှစ်လောက်သာ ရှိသေးမယ့် ကလေးလေး တစ်ယောက်ကတော့ အရှေ့ကနေ တက်ကြွစွာနဲ့ လျှောက်နေပြီး… တစ်ခါတစ်ရံမှာ ခေါင်းလေးကို လှည့်လှည့်ပြီး ဝတ်စုံနက်နဲ့ လူငယ်ကို ကြည့်နေခဲ့တယ်လေ။

ဒီဝတ်ရုံစိမ်း စာသင်သားနဲ့ ကလေးလေးတို့ရဲ့ မျက်နှာအမူအယာ တို့ဟာလဲ အတန်ငယ် ထူးခြားနေခဲ့ပါတယ်… ပြုံးချင်နေပေမယ့်လဲ မပြုံးရဲတဲ့ ပုံစံမျိုးပါ။

ဒီဝတ်စုံနက်နဲ့ လူငယ်ဟာ သူတို့နှစ်ယောက်ကို စိတ်တိုစွာနဲ့ စိုက်ကြည့်နေခဲ့ပြီး… သူ့ရဲ့ ခဲဆွဲထားသလို လေးလံနေတဲ့ ခြေအစုံကို ဒရွတ်တိုက် ဆွဲသွားကာ လမ်းဘေးက သစ်ပင်တစ်ခုအောက်ကို လျှောက်သွားခဲ့ပါပြီ။

ဒီသစ်ပင်အောက်ကို ရောက်သွားပြီးတဲ့နောက်မှာ… ဒီဝတ်စုံနက်နဲ့ လူငယ်ဟာ အောက်က အေးမြနေတဲ့ မြက်ခင်းပြင်အပေါ်မှာ ခြေပစ်လက်ပစ် လှဲချလိုက်ကာ… သူ့ရဲ့ နဖူးပေါ်မှာ ချွေးတွေကို စမ်းချောင်းလေး တစ်ခုအတိုင်း စီးဆင်းလာစေခဲ့ပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now