အပိုင်း ၃ : ရန်သူနှင့် တိုက်ခိုက်ခြင်း!

1.7K 147 1
                                    

ဂန္တဝင် ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၃

အပိုင်း ၃ : ရန်သူနှင့် တိုက်ခိုက်ခြင်း!

လင်းဖုန်းဟာ တောင်တန်းတွေရဲ့ အကြားမှာ တဟုန်ထိုးပြီး ခြေကုန်သုတ်ကာ ပြေးနေခဲ့ပါတယ်… သူ့ရဲ့အမြန်ဆုံး အလျင်နဲ့ ခရမ်းရောင် အလင်းတန်း ရှိရာဆီကို တက်သုတ်ရိုက်ပြီးတော့ သွားနေခဲ့ပြီလေ။

ချောက်ကမ်းပါး တစ်ခုပေါ်မှာ ငေါထွက်နေတဲ့ ကျောက်တုံးကြီးတစ်တုံး  ရှိနေခဲ့ပါတယ်… မီးခိုးရောင်ရင့်ရင့် ကျောက်တုံးကြီးကနေပြီး ခရမ်းရောင် အလင်းတန်းတွေဟာ စိမ့်ထွက်လို့ နေခဲ့တယ်လေ။ လူတစ်ယောက်က အသက်ရှူနေတဲ့ အတိုင်းပဲ စည်းဝါးကျကျ ပြိုးပြိုးပြက်ပြက်နဲ့ပဲ လင်းလက်ကာ နေခဲ့ပါပြီ။

ဒီခရမ်းရောင် အလင်းတန်းက လက်ကနဲ ဖြစ်သွားတဲ့ အချိန်တိုင်းမှာ... သူဟာ မိုးချုန်းသံ တစ်ခုကို ထုတ်လွှတ်ခဲ့တယ်လေ… နက်ရှိုင်းစွာ ကျယ်လောင်တဲ့ မြည်ဟည်းသံပဲ ဖြစ်ပါတော့တယ်။

လင်းဖုန်းဟာ ပတ်ဝန်းကျင်ကို ပိုက်စိတ်တိုက် ကြည့်ရှုလိုက်ပါတယ်… ခွေးတစ်ကောင် ကြောင်တစ်မြီးကိုမှ မတွေ့ခဲ့ရပါဘူး။

ဟဟ… ကံကောင်းလိုက်တာဟေ့… ကြည့်ရတာတော့ ငါက ပထမဦးဆုံး ရောက်တာပဲကွ။

လင်းဖုန်းဟာ ချောက်ကမ်းပါးရဲ့ အပေါ်ကို လျင်မြန်စွာနဲ့ပဲ တက်လိုက်ပါတယ်။ လက်တစ်ဘက်ကနေ လက်သည်းလိုမျိုး ကျောက်တုံးကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး… ကျန်အခြားတစ်ဘက်ကို ဘာမှော်ကျိန်စာမှ မသုံးပဲနဲ့… သူ့ရဲ့ မှော်စွမ်းအင်ကိုသာ လှည့်ပတ်ကာ ငေါထွက်နေတဲ့ ကျောက်တုံးကြီးကို သူ့ရဲ့လက်သီးနဲ့ ထိုးချလိုက်ပါပြီ။

ကျောက်တုံးကြီးဟာ ချောက်ကမ်းပါး ပေါ်ကနေ ပဲ့ထွက်ပြီး… အောက်ဘက်ကို လိမ့်ဆင်းသွားခဲ့ပါတယ်။ လင်းဖုန်းကလဲ ကျောက်တုံးရှိရာဆီကို လိုက်ဆင်းသွားခဲ့ပြီလေ။ ချောက်ကမ်းပါး ပေါ်ကနေ ပဲ့ထွက်လာခဲ့ပြီ ဖြစ်ပေမယ့်… ကျောက်တုံးကြီးဟာ အသက်ရှိနေတဲ့ အတိုင်းပဲ ခရမ်းရောင် အလင်းတန်းဟာ ပြိုးပြိုးပြက်ပြက်နဲ့ လက်နေခဲ့ပါတယ်… မိုးခြိမ်းသံတွေကလဲ တဂျိန်းဂျိန်းနဲ့ မြည်ဟည်းနေလို့ပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Onde histórias criam vida. Descubra agora