အပိုင်း ၂၀၁ (စာစဉ် ၁၄ အပိုင်း ၆)

2.4K 105 3
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၀၁ (စာစဉ် ၁၄ အပိုင်း ၆)

"ဒါက စီနီယာအကိုရဲ့ သင်ပြမှုလောက်မကောင်းပါဘူး" ချန်ချန်သည် တည်ငြိမ်စွာ ဖြေလိုက်သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့မျက်ဝန်းများထဲမှ တောက်ပမှုများကို မြင်လိုက်ကြရသည်။

"ငါ‌တို့ အချိန်ရွေးမနေတော့ဘူး အခုပဲ သွားကြရအောင်!"
ဘေးတွင် ရှိနေသော ဒုတိယစီနီယာအစ်မသည် သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းသိမ်းနိုင်တော့ဘဲ ချက်ချင်းပင် ဂူရှိရာသို့ ပျံသန်းသွားကာ ရှေးဟောင်းဆေးညွှန်းများကို သွားကြည့်ချင်နေ၏။
အခြားသောသူများလည်း အလားတူပင် ခံစားနေရသည်။ တကယ်ဆို သူတို့အားလုံးသည် ဆေးပညာတွင် ရူးသွပ်ကြပေသည်။
ချန်ချန်က အလွန့်အလွန်ဝေးသော နေရာမှ အရသာရှိသော ယောက်သွားတစ်ခုရှိကြောင်း သိလိုက်ရချိန်ကလို သူတို့ စိတ်အားထက်သန်မှု စိတ်လှုပ်ရှားမှုတို့ ခံစားနေရသည်။
ကွာခြားချက်မှာ ယောက်သွားသည် အလွန်ဝေးသောအရပ်တွင် ရှိနေပြီး ချန်ချန်က အချိန်တိုအတွင်း သွားနိုင်မည်မဟုတ်ချေ။
သို့သော်လည်း ဂျင်တိုင်းပြည်သည် လူသားပိုင်နက်ထဲတွင် ရှိပြီး ဝေးကွာသည်ဟု မယူဆနိုင်ပေ။
သို့သော်လည်း ထိုစကားကို ကြားပြီး ချန်ချန် စိတ်ရှုပ်သွားပုံရ၏။
'ဟာသပဲ အဲ့လိုဂူမျိုး ရှိမှမရှိတာကို'

"စီနီယာအစ်ကိုအစ်မတို့ ကျွန်တော် ကျောက်စိမ်းဆေးမီးဖိုကလန်ကို ရောက်တာ ရက်နည်းနည်းပဲ ရှိသေးတယ် ကျွန်တော် အခုထွက်သွားရင် ဆရာ စိတ်ပျက်သွားလိမ့်မယ်.....ခနလောက်စောင့်လိုက်ရအောင် ကျွန်တော် စီနီယာတို့ကို အဲ့ဒီနေရာဆီ ကိုယ်တိုင်ကိုယ်ကျ ခေါ်သွားပါ့မယ်"

ချန်ချန့်စကားကို ကြားပြီး လူရှစ်ယောက်သည် အနည်းငယ် အံ့အားသင့်သွားပြီး မကြာမီ ရှက်သွားကြ၏။
သူတို့ စိတ်လှုပ်ရှားမှုကြောင့် သင့်တော်သော ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ။ ချန်ချန်သည် ကျောက်စိမ်းဆေးမီးဖိုကလန်သို့ ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ သို့သော်လည်း သူတို့က သူ့ကို ပြန်ခိုင်းရန် လုပ်နေမိသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now