အပိုင်း ၂၈၄ (စာစဉ် ၁၉ အပိုင်း ၁၄)

232 20 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၈၄ (စာစဉ် ၁၉ အပိုင်း ၁၄)
မိစ္ဆာလမ်းစဉ်ဟာ ညှာတာမှုကင်းမဲ့တယ်

၎င်းကို ကြားပြီး ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်သည် သူမ၏ လက်ကို ပြန်ရုတ်ပြီးနောက် အချိန်အတော်ကြာမှ ဆည်းလည်းသံလေးလို ချိုလွင်စွာ ရယ်မောပစ်လိုက်သည်။

"ကျုပ်ရဲ့ ဘဝဟာ ကျုပ်နဲ့‌ပဲ ဆိုင်တယ် ကောင်းကင်နဲ့ ဘာမှမပတ်သက်ဘူး အဲ့ဒီဟာတွေက အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေ လျှောက်ပြောကြတာတွေပဲ အချိန်ကျလာလို့ အတိဒုက္ခကို ရင်ဆိုင်ရရင် သူတို့လည်း တော်တော့ကို စိုးရိမ်ကြတာပဲလေ ခင်ဗျား အဲ့ဒါကို ယုံကြည်တယ်ပေါ့?"
ချန်ချန် လက်အိတ်ကို ပြန်ဝတ်လိုက်သည်။ သူ စိတ်တည်ငြိမ်သွားလေပြီ။
"ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ပဲ ကျုပ် ကျင့်ကြံတဲ့အရာနဲ့ ဘာမှမဆိုင်ဘူး"

ချန်ချန့်စကားဆုံးသွားသည်နှင့် ဂူတစ်ခုလုံးသည် ကြောက်မက်ဖွယ် ဖိအားဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် ချက်ချင်းပင် ဆည်းလည်းသံလို ချိုလွင်သော အသံသည် တဖန်ပြန်လည် အက်ကွဲကွဲဖြစ်လာ၏။
"ဒါဆို မင်း အခု သေရလိမ့်မယ်! ငါ့ဘာသာငါ မလုပ်နိုင်ပေမယ့် မင်းကို သတ်နိုင်တဲ့လူ အနည်းဆုံးဆယ်ယောက်လောက် ငါ ရှာလို့ရတယ်!"

ချန်ချန် ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်ကို ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားက မဟာဂျင်အင်ပါယာရဲ့ စတုတ္ထမင်းသား ဒါမှမဟုတ် ကျောက်စိမ်းဆေးမီးဖိုကလန်ရဲ့ အကြီးအကဲကျင်းကို စေလွှတ်မလို့လား? ဒါမှမဟုတ် ဒီနေ့ ပေါ်မလာခဲ့တဲ့ ဟင်းလင်းပြင်ဝိညာဉ်ကလန်ရဲ့ နတ်ဆိုးတစ်ပိုင်းကိုလား?"

သူ ထိုသို့ပြောလိုက်သည်နှင့် ကောင်းကင်မိစ္ဆာအဖွဲ့အစည်း ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားပြီး ဂူတစ်ခုလုံးရှိ လေထုသည် မှိုင်းညို့လာ၏။
"မင်း ဘယ်လိုသိတာလဲ?"

ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်၏ မေးခွန်းသည် တိုပြတ်ပြတ်ဖြစ်နေသော်လည်း သူမ ဆိုလိုသည်ကို ချန်ချန် သိပေသည်။
ချန်ချန်က သူတို့၏ အအဆင့်အတန်းကို မည်သို့ သိသွားသည်ကို မေးနေခြင်းပင်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora