အပိုင်း ၂၃၅ (စာစဉ် ၁၆ အပိုင်း ၁၀)

530 73 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၃၅ (စာစဉ် ၁၆ အပိုင်း ၁၀)
ရည်မှန်းချက်

ချန်ချန် သူ့ကို အလျင်အမြန် ထူမပေးလိုက်သည်။
လူတစ်ယောက်က အပြင်သွားသောအခါ နှိမ့်နှိမ့်ချချနေခြင်းသည် အကောင်းဆုံးပင်။ ပဲစိမ်းလေးသည် အဆုံးမဲ့ပင်လယ်တွင် ပြိုင်ဘက်ကင်းသည်ဟု
ယူဆနိုင်ပြီး သူ့ဘေးတွင် ရှိနေသော်လည်း သတိထားခြင်းက ပိုကောင်းပေသည်။
အထူးသဖြင့် သူ၏ ရုပ်ရည်သွင်ပြင် ပေါ်သွားချိန်တွင်ပင်။
ပိုက်ဆံသည် မကောင်းမှုတို့ မြစ်ဖျားခံရာ ဖြစ်သည်။
အပြင်လူများ၏ အမြင်တွင် ပင်လယ်နတ်ဆိုးများကို ကြိုးကိုင်နိုင်ပြီး သူတို့ကို ထိတ်လန့်စေသော ဆန်းကြယ်သည့်လူသည် မယုံနိုင်ဖွယ် စွမ်းအား ရှိနေ၏။
'ဒီလိုဖြစ်သွားတော့ အကျိုးသက်ရောက်မှုတွေက အများကြီးပဲ!'
၎င်းက စိတ်မကူးနိုင်စရာပင်။
တစ်ချို့ကျွန်းပိုင်ရှင်များသည် သူ့ကို အမျိုးမျိုးမြင်ကာ အငြိုးထားကြပေမည်။
စိတ်ထဲတွင် ထိုအတွေးပေါ်လာပြီး ယခင်နေ့က လှေပေါ်မတက်ခင် သူ့ရုပ်ရည်ကို မပြောင်းလဲခဲ့မိသည်ကို ချန်ချန် နောင်တရသွားသည်။
"နှိမ့်နှိမ့်ချချနေဖို့လား? အခုတော့ လူတွေက ငါ့အကြောင်း ပြောနေကြပြီလေ!"
ချန်ချန် အသံတိုးတိုးလေးဖြင့် ညည်းညူမိသည်။

နန်ပင်းဟိုင်က သူ အမှုမဲ့အမှတ်မဲ့ဖြစ်သွားသည်ကို သိသွားပုံရသည်။ ပတ်ပတ်လည်ကို တစ်ချက်ပတ်ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ပုံမှန်အားဖြင့် ကျုပ်ရဲ့ လှေပေါ်က ကျင့်ကြံသူတွေသာ အရှင့်ရဲ့ ရုပ်ရည်ကို မြင်ဖူးကြတာပါ အရှင် ကျွန်တော်တို့ စားသောက်ဆိုင်ကို သွားပြီး အသေးစိတ် ဆွေးနွေးကြတာပေါ့"

"ကောင်းပြီလေ"

ချန်ချန် မငြင်းပယ်သည်ကို မြင်ပြီး နန်ပင်းဟိုင် ပျော်ရွှင်သွားကာ ရှေ့ကနေ ဦးဆောင်သွားတော့သည်။ မကြာမီ ရင်းနှီးနေသော စားသောက်ဆိုင်သို့ သူတို့ ရောက်သွားကြ၏။
သူတို့နှစ်ယောက်သည် သီးသန့်ခန်းတစ်ခုဆီသို့ သွားလိုက်ကြသည်။
ချန်ချန်က နန်ပင်းဟိုင်၏ ရိုးသားသည့် သွင်ပြင်ကြောင့် သူ့ကို လုံးဝယုံကြည်သွားသည် မဟုတ်ချေ။
သူသည် အဆုံးမဲ့ပင်လယ်တွင် လှေကြီးတစ်စီးပိုင်ဆိုင်ပြီး ဂုဏ်သိက္ခာတစ်ခု တည်ဆောက်ထားနိုင်သဖြင့် ရိုးရှင်းသော လူတစ်ယောက် သေချာပေါက် မဖြစ်နိုင်ချေ။ ချန်ချန်က အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အမြဲတမ်း သတိထားနေသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now