အပိုင်း ၂၀၃ (စာစဉ် ၁၄ အပိုင်း ၈)

719 78 0
                                    


ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၀၃ (စာစဉ် ၁၄ အပိုင်း ၈)
သဲလွန်စများ

ချန်ချန်သည် လေပူကြီး မှုတ်ထုတ်ကာ ငြိမ်ချက်သားကောင်းနေသည်။
လူသားမျိုးနွယ်သည် နတ်ဆိုးတစ်ပိုင်းများကို အမြဲတမ်း သည်းခံနေခဲ့ပြီး အမြစ်ဖြတ်သတ်ဖြတ်ခြင်း မပြုခဲ့ပေ။
နတ်ဆိုးတစ်ပိုင်းသည် သူတို့အကြောင်းပေါ်သွားလျှင်ပင် အများဆုံးအနေဖြင့် လူအများ၏ အထင်သေး‌မှုကို ရင်ဆိုင်ရပေမည်။
သို့သော်လည်း နတ်ဆိုးတစ်ပိုင်းများဖြင့် ဖွဲ့စည်းထားသောကလန်ဟူ၍ မကြားဖူးကြချေ။
မဟူရာအင်မော်တယ်ဂိုဏ်းသည် အမှန်တကယ်ပင် တစ်ခုခုမှားယွင်းနေပုံရ၏။
မဟူရာအင်မော်တယ်ကလန်၏ စီနီယာအဖွဲ့ဝင်များစွာနှင့် စကားပြောပြီး သောက်စားနေသော ယုဟိုကိုကြည့်ရင်း ချန်ချန် အနည်းငယ်ဝမ်းနည်းသွားသည်။
နောက်ဆုံးတွင် ရန်သူ၏ အိမ်ခြံဝဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခြင်းဟူသည်၏ ဆိုလိုရင်းကို သူ နားလည်သွားလေပြီ။
'မဟူရာအင်မော်တယ်ကလန်က ကျောက်စိမ်းဆေးမီးဖိုကလန်ကို ဘာလို့ အကူအညီတောင်းရတာလဲ?'

"တမန်တော်က ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးပညာရှင်တစ်ယောက် ဖြစ်လာခဲ့တယ် တမန်တော်က အရမ်းပါရမီရှိတာပဲ တကယ့်ကို လေးစားအတုယူစရာပါ"

ခနကြာပြီးနောက် မဟူရာအင်မော်တယ်ကလန်၏ လူအိုကြီးနှစ်ယောက်သည် ချန်ချန့်အပေါ် အာရုံစိုက်လာကြ၏။
ထိုနုံအ,သူနှစ်ယောက်သည် ဘဝင်လေဟပ်သွားပြီးသော်လည်း လူငယ်လေးသည် တည်ငြိမ်သော အမူအရာရှိနေသည်။
သူက စိတ်ပိုင်းဖြတ်ထားပုံရသည်။
ချန်ချန် ဘာမှမပြောခဲ့ဘဲ ရိုးရိုးရှင်းရှင်းသာ ဦးညွှတ်လိုက်ချိန်တွင် သူ့နောက်တွင် ရှိသော ယွမ်ချင်းတန်က ပြောလိုက်သည်။ "ဟုတ်တာပေါ့ ကျုပ်ရဲ့ စီနီယာအကိုက ပြိုင်ဘက်ကင်းပဲ"

၎င်းကို ကြားပြီး ချန်ချန်က သူ့ကို လှည့်ကြည့်လိုက်သည်။ သို့သော်လည်း သူ ပြန်လှည့်လာသောအခါ သူ့မျက်နှာပေါ်တွင် အပြုံးလေး ရှိနေ၏။
ယနေ့သည် သူ၏ သရုပ်ဆောင်စွမ်းရည်များကို စမ်းသပ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင် သူ အလွန်ထက်မြက်နေပုံပေါ်လျှင် ရန်သူကို သတိပေးသလို ဖြစ်သွားပေမည်။
တစ်ဖက်တွင်လည်း မဟူရာအင်မော်တယ်ဂိုဏ်း၏ မွန်းစတားအိုကြီးများသည် ယုဟိုနှင့် စုလျန်းအပေါ်တွင် အာရုံစိုက်သွားကြလျှင် အန္တရာယ်ဖြစ်သွားနိုင်သောကြောင့် ငအ,တစ်ယောက်လို သူ မပြုမူနိုင်ချေ။
အနည်းငယ်မူးနေသော ယုဟိုသည်လည်း ထိုအချိန်တွင် ပြုံးလိုက်သည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora