အပိုင်း ၂၈၃ (စာစဉ် ၁၉ အပိုင်း ၁၃)

231 20 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၈၃ (စာစဉ် ၁၉ အပိုင်း ၁၃)
ကိုယ့်ကိုကိုယ် ကောင်းကောင်းနားလည်တယ်

"ဒါက ကျိန်စာတစ်ခုမဟုတ်ဘဲ ကောင်းချီးတစ်ခုပဲ ကျိန်စာသာဆိုရင် ငါ ရှောင်လွဲလို့ရမှာ မဟုတ်ဘူး"
ဆက်သွယ်အရေးအဆောင်ထဲမှ စာကို ဖတ်ပြီး ချန်ချန် ကူရာမဲ့စွာ သက်ပြင်းချမိသည်။
ကောင်းကင်မိစ္ဆာအဖွဲ့အစည်းသို့ သူ ဝင်ပြီးပြီဖြစ်သဖြင့် သူ သွားရပေမည်။
ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်သည် အရူးတစ်ယောက်မဟုတ်ချေ။ အဖွဲ့အစည်းသို့ ‌ဝင်ရောက်ပြီးနောက် ချန်ချန် အမိန့်များကို နာခံရန် ငြင်းပယ်လျှင် သူ သေသည်ထိ ရိုက်နှက်ခံရပေလိမ့်မည်။

"စီနီယာအကို ဘာဖြစ်လို့လဲ?"

"ဘာမှမဖြစ်ပါဘူး ငါတို့အတွက် ဘဝဟာ ကတယ့်ကို မလွယ်ကူဘူး"
ချန်ချန် ယွမ်ချင်းတန်၏ ပခုံးကို ပုတ်ကာ သက်ပြင်းရှည်ကြီးချမိသည်။
ယွမ်ချင်းတန်သည် သူ၏ လူတစ်ယောက်ဖြစ်သဖြင့် ကောင်းကင်မိစ္ဆာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် ယူဆနိုင်၏။
ထိုအကြောင်းကို တွေးမိပြီး ချန်ချန် နေလို့ထိုင်လို့ ပိုကောင်းမွန်သွားသည်။ တကယ်ဆို ဤအမှောင်အဖွဲ့အစည်းကို သူတစ်ယောက်တည်း ဝင်ခဲ့ခြင်းမဟုတ်ချေ။

"ဒါဆို ဘာဖြစ်လို့လဲ?" ယွမ်ချင်းတန် သူ့ခေါင်းကို ကုတ်ရင်း စိတ်ရှုပ်စွာ မေးမိသည်။
သူ့ဘဝသည် အတော်လေး ချမ်းသာသုခနှင့် ပြည့်စုံသည်ဟု ခံစားနေရသည်။
ချန်ချန်က သူ့ကို အမှောင်အဖွဲ့အစည်းတစ်ခုထဲသို့ ဆွဲခေါ်သွားမည်ကို သူ မသိချေ။

တစ်ရက်ကြာပြီးနောက်

ချန်ချန် ဆင်ခြေတစ်ခု ရှာဖွေပြီး နတ်ဆိုးဖိနှိပ်ခြင်းမြို့မှ ထွက်ခွာလာသည်။ တကယ်ဆို ယခုလိုအခြေအနေတွင် သူ အပြင်မထွက်သင့်ပေ။
သူသည် သိပ်မကြာခင်ကမှ ကျော်ကြားလာပြီး နတ်ဆိုးမျိုးနွယ်က သူ့ကို တိုက်ခိုက်ရန် ကြိုးစားလာနိုင်သည်။ ယခုအချိန်တွင် အပြင်ထွက်ခြင်းသည် အလွန်အမင်း အန္တရာယ်များသော်လည်း သူ ရွေးချယ်စရာမရှိဘဲ အဖွဲ့အစည်း၏ အမိန့်များကို လိုက်နာရပေမည်။
ပိုပြီးလုံခြုံစေရန် သူ၏ ရုပ်သွင်ကို ပြောင်းလဲထားရုံသာမက ယွမ်ချင်းတန်ကိုပင် အမှောင်အစောင့်များနှင့်အတူ သူ့နောက် မနီးမဝေးမှ လိုက်လာစေ၏။
မြောက်ဘက်နယ်စပ်သို့ ရောက်ရှိရန် ချန်ချန့်အတွက် အချိန်တစ်ရက် ကြာသွားသည်။
မြောက်ဘက်နယ်စပ်သို့ သူ ရောက်ရှိသွားသည်နှင့် အနက်ရောင်ဝတ်စုံဖြင့် လူတစ်ယောက်သည် သူရှေ့တွင် ပေါ်လာပြီး သူ့ကို တားဆီးလာသည်။
ချန်ချန့်ကို မြင်ပြီးနောက် အနက်ဝတ်လူသည် ချန်ချန်၏ ရုပ်သွင်ကို လျစ်လျူရှုထားကာ တံဆိပ်ပြားတစ်ခုကို ထုတ်ပြပြီး ပြောလာသည်။ "အရှင် အရှင်က ကောင်းကင်မိစ္ဆာအဖွဲ့အစည်းကို ဝင်တာ သိပ်မကြာသေးပါဘူး ဒါကြောင့် ကျွန်တော်တို့ရဲ့ နေရာနဲ့ ရင်းနှီးမှာ မဟုတ်ပါဘူး အခု ကျွန်တော် အရှင့်ကို ခေါ်သွားပေးပါ့မယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now